သြဂုတ်လ ၁၁ ရက်နေ့ ၄ နာရီအထိ ဆန်ယာမြို့တွင် ယာယီသောင်တင်နေသည့် ခရီးသည် ၂၁၅၆ ဦး နေရပ်သို့ ပြန်ပြီ

(GMT+08:00)2022-08-11 20:07:22  

ဆန်ယာမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းဌာန သတင်းစာရှင်းလင်းပွဲမှ သတင်းအရ သြဂုတ်လ ၁၁ ရက်နေ့ ၄ နာရီအထိ ဆန်ယာမြို့တွင် ယာယီသောင်တင်နေသည့် ခရီးသည် ၂၁၅၆ ဦးတို့ နေရပ်သို့ ပြန်သွားရန် လေယာဉ် ၁၄ စင်းဖြင့် ပို့ဆောင်နေပြီဖြစ်ကြောင်း၊ အဆိုပါ ခရီးသည်များသည် ကွင်းပိတ်အစီအစဉ်၊ Nucleic acid စစ်ဆေးမှုများဖြင့် နေရပ်သို့ ပြန်သွားပြီးနောက် ဒေသခံပေါ်လစီများကိုလည်း လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျန်ရှိသော အခြား ခရီးသည်များကိုလည်း အန္တရာယ်ဆိုင်ရာ အကဲဖြတ်ပြီးနောက် နေရပ်ပြန်သွားရန် စနစ်တကျ စီစဉ်ပေးနေကြောင်း သိရပါသည်။