FBI က Trump ၏ ကိုယ်ပိုင်အိမ်ခြံမြေသို့ ရှာဖွေစစ်ဆေးပြီး Trump ၏ လျှို့ဝှက် စာရွက်စာတမ်းများကို သိမ်းဆည်းခဲ့ဟု ဓာတ်သိများဆို

(GMT+08:00)2022-08-11 20:04:40  

FBI သည် ဖလော်ရီဒါပြည်နယ်ရှိ သမ္မတဟောင်း Trump ၏ ကိုယ်ပိုင်အိမ်ခြံမြေသို့ ရှာဖွေစစ်ဆေးပြီး Trump ၏ လျှို့ဝှက်စာရွက်စာတမ်းများကို သိမ်းဆည်းခဲ့ကြောင်း ဒေသ စံတော်ချိန် ယခုလ ၁၀ ရက်နေ့က အမေရိကန် Newsweek က ဓာတ်သိအရာရှိများမှ ဖော်ပြချက်ကို ကိုးကား၍ ရေးသားဖော်ပြသည်ဟု China Media Group မှ သတင်းအရ သိရသည်။

FBI က ၎င်းတို့၏ တစ်ခုတည်းသောရည်ရွယ်ချက်မှာ အိမ်ဖြူတော်မှ တရားမဝင် ယူဆောင်သွားသည့် အဆင့်မြင့် လျှို့ဝှက်စာရွက်စာတမ်းများကို ပြန်လည်ရယူရန်ပင် ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရ သိရသည်။