ဝန်ထမ်းအများအပြား ဖျားနာမှုဖြင့် ခေတ္တအနားယူရခြင်းကြောင့် နယူးဇီလန် လေကြောင်း ကုမ္ပဏီ လေယာဉ်ခရီးစဉ်များ လျှော့ချရန် စီစဉ်ထား

(GMT+08:00)2022-08-11 17:15:18  

နယူးဇီလန် လေကြောင်းကုမ္ပဏီမှ အမှုထမ်း အများအပြား ဖျားနာခြင်းဖြင့် အနားယူရသဖြင့် လေကြောင်းခရီးစဉ်များ ပုံမှန်လည်ပတ်မှုကို ထိခိုက်စေသောကြောင့် လာမည့် ၆ လအတွင်း လေယာဉ်ခရီးစဉ်ကို လျှော့ချမည်ဖြစ်ပြီး ရောင်းချရန် ထိုင်ခုံ အရေအတွက် ၁့၅ ရာခိုင်နှုန်း လျှော့ချမည်ဟု ခန့်မှန်းရကြောင်း ဒေသစံတော်ချိန် သြဂုတ်လ ၁၁ ရက်နေ့က နယူးဇီလန်မီဒီယာက ဖော်ပြခဲ့ပါသည်။