အမေရိကန်က ဘာပြောပြော အရေးမကြီးဘဲ အာဖရိက ပြည်သူများက တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုကို ဘယ်လို ရှုမြင်သလဲဆိုတာ အရေးကြီးပါကြောင်း တရုတ်ဆို

(GMT+08:00)2022-08-10 11:25:28  

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အမေရိကန်၏ ပြောဆိုမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က အမေရိကန်က ဘာပြောပြော အရေးမကြီးဘဲ အာဖရိက ပြည်သူများက တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုကို ဘယ်လို ရှုမြင်သလဲဆိုတာ အရေးကြီးပါကြောင်း ယမန်နေ့ ၉ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ဖော်ပြခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

၈ ရက်နေ့က တောင်အာဖရိကနိုင်ငံတွင် ခရီးလှည့်လည်နေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က အမေရိကန်သည် ဘက်အသီးသီးတို့အား အမေရိကန် နှင့် တရုတ်နိုင်ငံအကြား ရွေးချယ်ခိုင်းခြင်းမဟုတ်ဘဲ စစ်မှန်သော ရွေးချယ်မှုတစ်ခု ပေးချင်လို့ပဲဖြစ်သည်ဟု မီဒီယာများအား ဖော်ပြခဲ့ပါသည်။

မီဒီယာများနှင့် တွေ့ဆုံရာတွင် တောင်အာဖရိကနိုင်ငံခြားရေးဝန်ကြီးက အာဖရိက နိုင်ငံများသည် မတူညီသောနိုင်ငံများနှင့် ဆက်ဆံမှုကို လွတ်လပ်စွာ ထူထောင်ခွင့် ရှိကြောင်း ဖော်ပြခဲ့ခြင်းကို တရုတ်နိုင်ငံက သတိထားမိကြောင်း၊ အာဖရိက ပြည်သူ့ ဆန္ဒ ကောက်ယူရေး ဌာန” Africa Barometer”၏ အစီရင်ခံစာအရ ဖြေဆိုသူ ၆၆ ရာခိုင်နှုန်း သည် အာဖရိကနိုင်ငံတွင် တရုတ်ပြည်၏ နိုင်ငံရေးနှင့် စီးပွားရေး သြဇာသက်ရောက်မှုသည် အပြုသဘောဆောင်သည်ဟု ယုံကြည်ရကြောင်း သိရသည်ဟု ဝမ်ဝင်ပင်က ဖော်ပြ ပါသည်။