တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် မျှော်လင့်ထားသည်ထက် မည်ကဲ့သို့ အရှိန်မြှင့်လာခဲ့သနည်း

(GMT+08:00)2022-08-10 11:12:04  

အမေရိကန်ဒေါ်လာ ၃၃၂.၉၆ ဘီလီယံ၊ ၁၈ ရာခိုင်နှုန်းတိုး။ တရုတ်အကောက်ခွန် ဌာနချုပ်မှ ထုတ်ပြန်သော တရုတ်နိုင်ငံ၏ ဇူလိုင်လ ပို့ကုန်ဒေတာသည် ပြင်ပမှ မျှော်မှန်းချက်များကို ကျော်လွန်သွားပြန်သည်။ အားကောင်းသော ပို့ကုန် များကြောင့် ဇူလိုင်လက တရုတ်နိုင်ငံ၏ ကုန်သွယ်မှုပိုငွေမှာ အမေရိကန် ဒေါ်လာ ၁၀၁.၂၆ ဘီလီယံ၊ ၈၁.၅ရာခိုင်နှုန်း တိုးလာပြီး အလားတူကာလအတွက် စံချိန်တင် မြင့်မားခဲ့သည်။

တရုတ်အစိုးရမှ တရားဝင်စာရင်းမထုတ်ပြန်မီ ရိုက်တာသတင်းဌာနက ပို့ကုန် ပမာဏ ၁၅ ရာခိုင်နှုန်းခန့် တိုးတက်မည်ဟု ခန့်မှန်းထားသည်။ Bloomberg အင်တာဗျူးသော စီးပွားရေးပညာရှင်က ခန့်မှန်းထားသည်မှာ  ၁၄.၁ ရာခိုင်နှုန်း ဖြစ်သည်။ ဒါပေမဲ့ တရုတ်နိုင်ငံ၏ ပို့ကုန်တိုးတက်မှုက ဇူလိုင်လတွင် ဆက်ပြီး တက်လာခဲ့ခြင်း ဖြစ်ပါသည်။ ယင်းနှင့်ပတ်သက်၍ ဟောင်ကောင်၏ "South China Morning Post" သည် ၎င်းကိုဖော်ပြရာတွင် "အံ့အားသင့်စရာ" ဟူသော စကားလုံးကို အသုံးပြုခဲ့သည်။ အမေရိကန် Consumer News and Business Channel မှ ဇူလိုင်လအတွင်း တရုတ်နိုင်ငံ၏ ပို့ကုန်များသည် မျှော်မှန်းထားသည်ထက် ပိုမို မြန်ဆန်လာပြီး တရုတ်စီးပွားရေးကို အားပေးနှိုးဆော်မှုများ ရှိလာမည်ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့သည်။

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု စွမ်းဆောင်ရည်သည် မျှော်မှန်းချက်များကို အကြိမ်ကြိမ် ကျော်လွန်ရသည့် အကြောင်းရင်းမှာ စက်မှုကွင်းဆက်နှင့် ထောက်ပံ့ ရေးကွင်းဆက်များ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခြင်းကြောင့် ဖြစ်သည်။ တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု အောင်မြင်မှုများသည် ပြည်တွင်းဝယ်လိုအား ဆက်တိုက်တွန်းအားပေးရေးနှင့် ခွဲ၍မရနိုင်ပေ။ ထို့ထက် ပိုအရေးကြီးသည်မှာ တရုတ်နိုင်ငံသည် တံခါးဖွင့်ရေးကို စွဲကိုင်ပြီး ကမ္ဘာနှင့် ပွင့်လင်းမြင်သာသော ဈေးကွက်ဝေစုခွဲဝေမှုကို ချဲ့ထွင်ရန် အမြဲတစေ တွန်းအားပေးနေသောကြောင့် ကမ္ဘာလုံးဆိုင်ရာကုမ္ပဏီများသည် တရုတ်ဈေးကွက်၏ မျှော်လင့်ချက်များကို အကောင်းမြင်စိတ်ဖြင့် ဆက်လက်တည်ရှိနေစေပါသည်။