မော်လတာအလယ်တန်းကျောင်းမှ တရုတ်ဘာသာသင်ကြားသည့် ”Chinese Corner” ကျောင်းသူ ကျောင်းသားများအား ရှီကျင့်ဖိန် စာပြန်ရေးပို့

(GMT+08:00)2022-08-10 11:24:46  

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် မကြာခင်က မော်လတာ စိန့်မာဂရက် (St. Margaret's) အလယ်တန်းကျောင်းမှ တရုတ်ဘာသာ သင်ကြားသည့်”Chinese Corner” ကျောင်းသူကျောင်းသားများအား စာပြန်ရေးသားပေးပို့လိုက်ပြီး ၄င်းတို့အား တရုတ်-မော်လတာ နှစ်နိုင်ငံအကြား ယဉ်ကျေးမှု ကူးလူးဖလှယ်မှု တွန်းအားပေးရန် အတွက် တက်တက်ကြွကြွ ပါဝင်ကြရန် တိုက်တွန်းခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က တရုတ်နှင့် မော်လတာနှစ်ဖက်တို့၏ လက်တွဲ ကြိုးပမ်းဆောင်ရွက်မှု ကြောင့် စိန့်မာဂရက် အလယ်တန်းကျောင်း၏ ”Chinese Corner” သည် မော်လတာ လူငယ်များက တရုတ်ပြည်အပေါ် သိရှိနားလည်မှု မြှင့်တင်ရန်နှင့် တရုတ်-မော်လတာ ချစ်ကြည်ရေးတွန်းအားပေးရန်အတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်နေကြောင်း၊ ”Chinese Corner” သည် ပိုမိုကောင်းမွန်လာလိမ့်မည်ဟု မျှော်လင့်ရပြီး တရုတ်ပြည်သို့ ကျောင်းသူကျောင်းသားများနှင့် ဆရာဆရာမများ လာရောက်ဖလှယ်လေ့လာကြရန် ကြိုဆိုပါကြောင်း ရေးသားဖော်ပြပါသည်။