ဇူလိုင်လ စားသုံးမှုဈေးသည် ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၂.၇ ရာခိုင်နှုန်း တိုးလာ

(GMT+08:00)2022-08-10 15:04:36  

၂၀၂၂ ခုနှစ် ဇူလိုင်လတွင် တရုတ်တစ်ပြည်လုံး ပြည်သူများ၏ စားသုံးမှုဈေးသည် ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၂.၇ ရာခိုင်နှုန်းတိုးလာကြောင်း၊ ၄င်းအနက် မြို့ပြတွင် ၂.၆ ရာခိုင်နှုန်းတိုးလာပြီး ကျေးရွာတွင် ၃ ရာခိုင်နှုန်း တိုးလာကြောင်း၊ အစားအစာ ဈေးနှုန်း ၆.၃ ရာခိုင်နှုန်းတိုးလာပြီး အစားအစာမဟုတ်သော ကုန်ပစ္စည်းဈေးနှုန်း ၁.၉ ရာခိုင်နှုန်း တိုးလာကြောင်း၊ စားသုံးမှုကုန်ပစ္စည်းဈေးနှုန်း ၄ ရာခိုင်နှုန်း တိုးလာပြီး ဝန်ဆောင်မှု ဈေးနှုန်း ၀.၇ ရာခိုင်နှုန်း တိုးလာကြောင်း၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ ပျှမ်းမျှအားဖြင့် တစ်ပြည်လုံးပြည်သူများစားသုံးမှုဈေးသည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၁.၈ ရာခိုင်နှုန်း တိုးလာကြောင်း သတင်းအရ သိရပါသည်။