ယူကရိန်း၏ မိုင်းရှင်းလင်းရေးလုပ်ငန်းများအတွက် ကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒေါ်လာ ၈၉ သန်း ထောက်ပံ့မည်ဟု ကန်အရာရှိတစ်ဦးဆို

(GMT+08:00)2022-08-10 12:51:30  

ဒေသစံတော်ချိန် ယခုလ ၉ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိ တစ်ဦးက ယူကရိန်း၏ မိုင်းရှင်းလင်းရေးလုပ်ငန်းများအတွက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒေါ်လာ ၈၉ သန်း ထောက်ပံ့မည်ဟု ပြောကြားခဲ့ကြောင်း၊ ၄င်း ထောက်ပံ့ကြေးသည် ယူကရိန်းအစိုးရထံသို့ တိုက်ရိုက်ပေးအပ်ခြင်းမဟုတ်ဘဲ အစိုးရ အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်သော အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ကန်ထရိုက်တာများထံသို့ ပေးအပ်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာထောက်ပံ့ကြေးများသည် မိုင်းရှင်းလင်းရေးအဖွဲ့ ၁၀၀ အတွက် အသုံးပြုမည်ဖြစ်ပြီး အမေရိကန်သည် မိုင်း ရှင်းလင်းရေးအဖွဲ့အတွက် လေ့ကျင့်ရေးနှင့်ကိရိယာများကို ထောက်ပံ့မည်ဟု ပြောကြား ခဲ့ကြောင်း သိရပါသည်။