ဆီးရီးယားတွင် တရားမဝင် တပ်စွဲထားသော အမေရိကန်တပ်များက ဆီးရီးယား၏ ရေနံအများအပြားကို လုယက်ကြောင်း သက်ဆိုင်ရာစာရင်း ပြသ

(GMT+08:00)2022-08-10 13:43:15  

ဒေသစံတော်ချိန် ၉ ရက်နေ့တွင် ဆီးရီးယား ရေနံနှင့် ဓာတ်သတ္တု အရင်းအမြစ် ဝန်ကြီးဌာနသည် ဆီးရီးယား၏ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် ပြည်တွင်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့စသည့် စွမ်းအင် ထုတ်လုပ်မှုအခြေအနေကို ထုတ်ပြန်ကြေညာခဲ့ပါသည်။

ယင်းစာရင်းအရ ဆီးရီးယားနိုင်ငံ ရေနံထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းကျော်ကို ဆီးရီးယားတွင် တရားမဝင်တပ်စွဲထားသော အမေရိကန်တပ်များနှင့် ၎င်းက ထောက်ခံ သော ဆန့်ကျင်ရေးလက်နက်ကိုင်တပ်ဖွဲ့က လုယက်ခြင်းဖြစ်ကြောင်း သိရပါသည်။

ဆီးရီးယားသမ္မတ အထူးအကြံပေးပုဂ္ဂိုလ် ရှယ်ဘန်က လက်ရှိအချိန်တွင် အမေရိကန်သည်  ဆီးရီးယားနယ်မြေကို ကျူးလွန်ပြီး ဆီးရီးယား၏ စားနပ်ရိက္ခာနှင့် ရေနံကို လုယူလျက် ရှိနေကြောင်း၊ အမေရိကန်၏ ဤလုပ်ရပ်များသည် အလွန်ရှက်ဖွယ်ရာကောင်း၍ အမေရိကန်၏ မည်သည့်ပြောဆိုချက်များကိုမျှ မယုံကြည်နိုင်ကြောင်း၊ ၄င်းတို့၏ ပြောဆိုချက်နှင့် လုပ်ရပ်တို့သည် ပြင်းပြင်းထန်ထန် ဆန့်ကျင်ဘက်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။