တရုတ်နိုင်ငံတော်ကောင်စီမှ ထိုင်ဝမ်ရေးရာရုံးနှင့် သတင်းပြန်ကြားရေးရုံးတို့က“ထိုင်ဝမ် ပြဿနာနှင့် ခေတ်သစ်တွင် တရုတ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်း”ခေါင်းစဉ်ဖြင့် စက္ကူဖြူစာတမ်းကိုထုတ်ပြန်

(GMT+08:00)2022-08-10 11:09:48  

သြဂုတ်လ ၁၀ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီမှ ထိုင်ဝမ်ရေးရာရုံးနှင့် သတင်းပြန်ကြားရေးရုံးတို့သည်“ထိုင်ဝမ်ပြဿနာနှင့် ခေတ်သစ်တွင် တရုတ်နိုင်ငံ ပြန်လည် ပေါင်းစည်းရေးလုပ်ငန်း”ခေါင်းစဉ်ဖြင့် စက္ကူဖြူစာတမ်းကို ထုတ်ပြန်ခဲ့ရာ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟူသောအဖြစ်မှန်နှင့် လက်ရှိ အနေအထားကို ထပ်လောင်းပြောကြားပြီး တရုတ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးကို အကောင်အထည်ဖော်ဆောင်ရန်အတွက် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူများ၏ ခိုင်မာသော ဆန္ဒနှင့် စိတ်ပိုင်းဖြတ်ချက်ကိုဖော်ပြကာ ခေတ်သစ်တွင် တရုတ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးကို အကောင်အထည်ဖော်ဆောင်ရန်အတွက် တရုတ်ကွန်မြူနစ် ပါတီနှင့် တရုတ်အစိုးရ၏ ရပ်တည်ချက်နှင့် ပေါ်လစီများကိုရှင်းပြခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။