“လုပ်သင့် လုပ်ထိုက်သည့်” (၅)ချက်ကိုစွဲကိုင်ပြီး တရုတ်-တောင်ကိုရီးယား မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကို တည်ငြိမ်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးမည်ဟု ဝမ်ယိဆို

(GMT+08:00)2022-08-10 13:30:22  

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ၉ ရက်နေ့က စန်းတုန်းပြည်နယ် ချင်းတောင်မြို့၌ အလည်အပတ်ရောက်ရှိလာသော တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Park Jin နှင့် တွေ့ဆုံခဲ့ကြောင်း China Media Group မှ သတင်းအရသိရပါသည်။

ယခုနှစ်သည် တရုတ်-တောင်ကိုရီးယားနှစ်နိုင်ငံသံအဆက်အသွယ် ထားရှိခဲ့သည့် နှစ်(၃၀)ပြည့်မြောက်နှစ်ဖြစ်ကြောင်း၊ လာမည့် နှစ်(၃၀)ကိုရင်ဆိုင်ရာတွင် နှစ်ဦးနှစ်ဖက်တို့ သည် အကျိုးပြုအတွေ့အကြုံများကို စုစည်းပြီး နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးမှုနှင့် တည်ငြိမ်မှု အခြေအနေကို ကောင်းမွန်စွာ ကိုင်တွယ်ရကြောင်း၊ လွတ်လပ်ပြီး သီးခြားကင်းလွတ်စွာ ရပ်တည်နိုင်မှုကို စွဲကိုင်၍ ပြင်ပအနှောင့်အယှက်ကို မခံသင့်ကြောင်း၊ အိမ်နီးချင်းကောင်း ချစ်ကြည်ရေးကိုစွဲကိုင်ပြီး တစ်ဖက်၏အလေးထားအာရုံစူးစိုက်မှုကို တစ်ဖက်က ထောက်ညှာသင့်ကြောင်း၊ တံခါးဖွင့်ပြီး အကျိုးအတူရရှိစေမှုကိုစွဲကိုင်ပြီး ထုတ်လုပ်မှုနှင့် ထောက်ပံ့မှုကွင်းဆက်၏ တည်ငြိမ်ရေးနှင့် အဟန့်အတားမရှိစေရေးကို ထိန်းသိမ်းကာကွယ်သင့်ကြောင်း၊ တန်းတူညီမျှရေးနှင့်ရိုသေလေးစားရေးကိုစွဲကိုင်ပြီး တစ်ဖက်၏ ပြည်တွင်းရေးရာကိုတစ်ဖက်မှ ဝင်ရောက်မစွက်ဖက်သင့်ကြောင်း၊ ဘက်ပေါင်းစုံဝါဒကိုစွဲကိုင်ပြီး ကုလသမဂ္ဂ ပဋိညာဉ် စာချုပ်၏ ရည်ရွယ်ချက်နှင့်မူကို လိုက်နာဆောင်ရွက်သင့်ကြောင်း၊ တရုတ်နိုင်ငံသည်            တောင်ကိုရီးယားနိုင်ငံနှင့်အတူ နှစ်ဖက်တို့ ချမှတ်ကြသော မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေးအနေအထားကိုစွဲကိုင်ပြီး တရုတ်-တောင်ကိုရီးယား ဆက်ဆံရေးကို ရှေ့သို့ တည်ငြိမ်ကောင်းမွန်စွာ တွန်းအားပေးရန် ဆန္ဒရှိကြောင်း ဝမ်ယိက အလေးထား ပြောကြားပါသည်။

တောင်ကိုရီးယားနိုင်ငံသည် နှစ်နိုင်ငံသံအဆက်အသွယ် ထားရှိခဲ့သည့် နှစ်(၃၀) ပြည့်မြောက်ခြင်းကို အခွင့်ကောင်းယူပြီး တောင်ကိုရီးယား-တရုတ် မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကိုအခြေခံ၍ အပြန်အလှန် ရိုသေလေးစားပြီး တန်းတူညီမျှစွာ အကျိုးကို အပြန်အလှန်ရရှိစေကာ အပြန်အလှန် ယုံကြည်မှုကို တိုးမြှင့်စေ၍ တံခါဖွင့်ပြီးသက်ညှာထောက်ထားသော ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုရင့်ကျက်ကောင်းမွန်စေရန် ဆန္ဒရှိသည်ဟု ParkJin က ပြောကြားပါသည်။