အမေရိကန်၌ မျောက်ကျောက်ရောဂါဖြစ်ပွားမှု ပိုမိုပြင်းထန်လာပြီး ဆန်ဖရန်စစ္စကို ပြည်သူများက အစိုးရ၏ ညံ့ဖျင်းသောတုံ့ပြန်ဆောင်ရွက်မှုများကို ကန့်ကွက်

(GMT+08:00)2022-08-10 11:09:14  

အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဌာနမှ စာရင်းအရ ဒေသစံတော်ချိန် သြဂုတ်လ ၉ ရက်နေ့အထိ အမေရိကန်နိုင်ငံ၌ မျောက်ကျောက်ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၉၄၉၃ ဦးရှိနေပြီဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်သည် မျောက်ကျောက်ရောဂါ ဖြစ်ပွားမှု အပြင်းထန်ဆုံးသောဒေသများထဲမှ တစ်ခုဖြစ်သည်။ ကပ်ရေဂါ ဖြစ်ပွားမှု ပြင်းထန်လာသော်လည်း ဒေသခံအစိုးရ၏ နှေးကွေးစွာတုံ့ပြန်မှုကြောင့် ပြဿနာ တစ်ခုပြီး တစ်ခု ပေါ်ပေါက်လာသည်။

သြဂုတ်လ ၈ ရက်နေ့က ဆန်ဖရန်စစ္စကိုမြို့ရှိ ဖက်ဒရယ်အစိုးရ အဆောက်အဦ အပြင်ဘက်တွင် ပြည်သူအချို့ စုရုံးပြီး အစိုးရ၏ ညံ့ဖျင်းသော တုံ့ပြန်ဆောင်ရွက်မှုများကို ကန့်ကွက်ဆန္ဒပြကာ မျောက်ကျောက်ရောဂါ တိုက်ဖျက်ရန် မှန်ကန်သော ဆောင်ရွက်မှု များကို ပြုလုပ်ရန် ပန်ကြားကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။