အမေရိကန် အယူခံတရားရုံးက အောက်လွှတ်တော် ကော်မတီသည် ထရန့် အခွန် မှတ်တမ်းများကို ရယူခွင့်ရှိသည်ဟု စီရင်ဆုံးဖြတ်

(GMT+08:00)2022-08-10 13:08:40  

အောက်လွှတ်တော်ရန်ပုံငွေရှာဖွေရေးကော်မတီသည် သမ္မတဟောင်းထရန့်၏ အခွန်မှတ်တမ်းများကို ရယူခွင့်ရှိကြောင်း ကိုလံဘီယာခရိုင်ရှိ အမေရိကန် အယူခံတရားရုံးက သြဂုတ်လ ၉ ရက်နေ့တွင် စီရင်ဆုံးဖြတ်ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

အောက်လွှတ်တော် ရန်ပုံငွေရှာဖွေရေးကော်မတီသည် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သမ္မတဟောင်းထရန့်၏ ၂၀၁၅ ခုနှစ် မှ ၂၀၂၀ပြည့်နှစ် အထိ အခွန်မှတ်တမ်းများကို ရယူပိုင်ခွင့်ရှိကြောင်း ကိုလံဘီယာခရိုင်ရှိ အယူခံတရားရုံးမှ တရားသူကြီး ထောက်ခံ့မဲ ၃မဲနှင့် ဆန့်ကျင်မဲ သုညဖြင့် ဆုံးဖြတ်ခဲ့သည်။ ယင်းစီရင်ချက်သည် ကိုလံဘီယာခရိုင်တရားရုံး၏ လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလက ဆုံးဖြတ်ချက်နှင့် ကိုက်ညီသည်ဟု သိရပါသည်။