ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်သည် ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကြေညာချက်စာတမ်းကို လက်တွေ့အကောင်အထည်ဖော်ရန် တိုက်တွန်း

(GMT+08:00)2022-08-10 12:50:39  

ယခုလ ၉ ရက်နေ့သည် ကမ္ဘာ့ဌာနေတိုင်းရင်းသားလူမျိုးများ၏ နိုင်ငံတကာနေ့ ဖြစ်သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်သည် ထိုနေ့တွင် မိန့်ခွန်း ပြောကြားပြီး ဌာနေအမျိုးသမီးများက ဌာနေရိုးရာဗဟုသုတများကို ထိန်းသိမ်းခြင်းနှင့် ဆက်ခံခြင်းအတွက် အကျိုးသက်ရောက်မှုများကို အလေးထားရန် လိုအပ်ကြောင်း၊ တရားမျှတမှုနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်သောအနာဂတ်ကို တည်ထောင်ရန် ဌာနေ အမျိုးသမီးများ၏ အသံကို ပိုမိုကျယ်ပြန့်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ အသီးသီးတို့သည် ဌာနေရိုးရာ ဗဟုသုတများကို အလေးထားပြီး ကမ္ဘာကိုအကျိုးဆောင်ရန် ပန်ကြားခဲ့ကာ နိုင်ငံအသီးသီးတို့သည် ကုလသမဂ္ဂ ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကြေညာစာတမ်းကို လက်တွေ့အကောင်အထည်ဖော်ရန် တိုက်တွန်း ခဲ့ကြောင်း သိရပါသည်။