ဒုက္ခသည် ၇၅၀၀၀၀ ကျော်ကို စားနပ်ရိက္ခာ ကူညီပေးဖို့ ကုလသမဂ္ဂအေဂျင်စီ ပန်ကြား

(GMT+08:00)2022-08-10 13:08:03  

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရေးရာဌာနနှင့် ကုလသမဂ္ဂဒုက္ခသည်ရေးရာဌာန တို့က လာမည့်ခြောက်လအတွင်း အီသီယိုးပီးယားတွင်နေထိုင်သော ဒုက္ခသည် ၇၅၀၀၀၀ ကျော်အား ရိက္ခာများ ဆက်လက်ပံ့ပိုးပေးရန်အတွက် ထောက်ပံ့ငွေ ကန်ဒေါ်လာ ၇၃ သန်းကို  လှူဒါန်းရန် ပန်ကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရ ပါသည်။

ထိုနေရာတွင် မှတ်ပုံတင်ထားသည့် ဒုက္ခသည်နှင့် ခိုလှုံခွင့်ရှာဖွေသူ ၁ သန်းကျော် ရှိပြီး အများစုမှာ တောင်ဆူဒန်၊ ဆိုမာလီယာ၊ အီရီထရီးယားနှင့် ဆူဒန်တို့မှဖြစ်ကြောင်း သတင်းရရှိပါသည်။