အမေရိကန်က“ချစ်ပ်နှင့် သိပ္ပံဥပဒေ” ဖြင့် ကမ္ဘာ့စက်မှုကုန်သွယ်ရေးလောက ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်မှုကို တရားမဝင်စွက်ဖက်ခြင်းနှင့် ကန့်သတ်ခြင်းအပေါ် တရုတ်ကုန်သွယ်မှုမြှင့်တင်ရေးအသင်းနှင့် တရုတ်နိုင်ငံတကာ ကုန်သည်များ အသင်းတို့မှ ကန့်ကွက်

(GMT+08:00)2022-08-10 14:12:54  

အမေရိကန် “ချစ်ပ်နှင့် သိပ္ပံဥပဒေ”၏ ရည်ရွယ်ချက်မှာ ချစ်ပ် နယ်ပယ်၌ အမေရိကန်၏အားသာချက်ကို မြှင့်တင်ရန်နှင့် တရုတ်နိုင်ငံအပါအဝင် "၎င်းမှ စိုးရိမ်မှု ရှိသည့်နိုင်ငံများ"နှင့် တရားမဝင်ယှဉ်ပြိုင်မှုများ ပြုလုပ်ရန်ဖြစ်ပြီး၊ ဆီမီးကွန်ဒတ်တာစက်မှုလုပ်ငန်းတွင် ကမ္ဘာ့ ပထဝီဝင် နိုင်ငံရေးပြိုင်ဆိုင်မှု ပြင်းထန်လာစေကာ၊ ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူမှု၊ ဆန်းသစ် တီထွင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို နှောင့်နှေးစေမည်ဖြစ်သည်။

တရုတ်ကုန်သွယ်မှုမြှင့်တင်ရေးအသင်းနှင့် တရုတ်နိုင်ငံတကာကုန်သည်များ အသင်း တို့သည် ကောင်းမွန်မျှတသော နိုင်ငံတကာပြိုင်ဆိုင်မှုကို ကမကထပြုပြီး တက်ကြွစွာ တွန်းအားပေးကာ၊ ကမ္ဘာ့စက်မှုကုန်သွယ်ရေးလောက၏ ပုံမှန်ကူးလူးဖလှယ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများအား အမေရိကန်က တိုင်းပြည်ပါဝါဖြင့် အတားအဆီး ပြုလုပ်ခြင်းအပေါ် ကန့်ကွက်ကြသည်ဟု China Media Group မှ သတင်းအရ သိရသည်။