ထိုင်ဝမ်ရေလက်ကြား လက်ရှိအနေအထားကို ပြောင်းလဲစေသူသည် အမေရိကန်နှင့် ထိုင်ဝမ် သီးခြားတည်ရှိရေးအင်အားဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2022-08-10 13:42:35  

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်သည် မကြာမီက သတင်းထောက် များနှင့် တွေ့ဆုံရာတွင် လက်ရှိအခြေအနေသည် နေ့ချင်းညချင်း သို့မဟုတ် လေဟာနယ် ထဲတွင် ဖြစ်ပွားနိုင်ခြင်းမဟုတ်ကြောင်း၊ ထိုင်ဝမ်၏ နှစ်ပေါင်း ၄၀ ကျော်ကြာ ဖြစ်လာသည့် လက်ရှိအနေအထားကို ပြောင်းလဲခြင်းသည် အမေရိကန်ကြောင့်မဟုတ်ဘဲ ပီကင်းကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဘလင်ကင်း၏ သက်ဆိုင်ရာ ပြောဆိုချက်များကို တုံ့ပြန်သည်အနေဖြင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က တရုတ်ပြည် တစ်ပြည် တည်းသာ ရှိရေးမူကို ချိုးဖောက်ခြင်းနှင့် ထိုင်ဝမ် ရေလက်ကြား လက်ရှိအနေအထားကို ပြောင်းလဲစေခြင်း ဆောင်ရွက်သူသည် အမေရိကန်နှင့် ထိုင်ဝမ်သီးခြား တည်ရှိရေး အင်အားဖြစ်ကြောင်း သြဂုတ်လ ၉ ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။