အမေရိကန်ဌာနေလူမျိုးများသည် နယ်ပယ်များစွာတို့တွင် ပြင်းထန်သော ဖိနှိပ်မှုခံနေရဟု ရုရှားမီဒီယာဖော်ပြ

(GMT+08:00)2022-08-10 15:01:59  

မျက်မှောက်တွင် အမေရိကန် ဌာနေလူမျိုးများသည် စီးပွားရေးနှင့် နိုင်ငံရေးစသည့်နယ်ပယ်များတွင် ပြင်းထန်သောဖိနှိပ်မှုခံနေရသေးကြောင်း၊ ၎င်းဌာနေလူမျိုးများသည် မြင့်မားသောဆင်းရဲမွဲတေမှုနှုန်း၊ အလုပ်လက်မဲ့နှုန်းနှင့် လူမျိုးခွဲခြားမှုစသည့် ပြဿနာ များနှင့် ရင်ဆိုင်နေကြရသည့်အပြင်၊ ယင်းပြဿနာများမှ ထွက်ပေါ်လာသော ကျန်းမာရေး ဆိုင်ရာ ဂယက်ရိုက်ခတ်မှုများကို ခံစားနေကြရကြောင်း ရုရှား Sputnik သတင်းဌာနမှ ဒေသ စံတော်ချိန် ယခုလ ၉ ရက်နေ့က ဖော်ပြခဲ့သည်ဟု သိရသည်။