အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ၏ ထိုင်ဝမ်ခရီးစဉ်သည် အာရှဒေသ တည်ငြိမ် အေးချမ်းမှုမှ တစ်ဆင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိခိုက်လာနိုင်သဖြင့် ရှောင်ကြဉ်သင့်သော ခရီးစဉ်အဖြစ် ရှုမြင်ကြောင်း မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း ကြေညာချက်ထုတ်ပြန်

(GMT+08:00)2022-08-10 15:05:22  

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌသည် တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ ၎င်း၏ဆန္ဒအတိုင်း သွားရောက်ခဲ့သည်။ ယင်းအပေါ် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းက တရုတ်ပြည်                  တစ်ပြည်တည်းသာရှိရေး မူဝါဒကို လက်ခံပြီး တရုတ်နိုင်ငံ၏ နိုင်ငံတစ်ခု စနစ်နှစ်ခု ကျင့်သုံးနေမှုကို သဘောတူကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး(၅)ချက် ကျင့်သုံးမှုကို ကြိုဆို ပါကြောင်း၊ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ၏ ထိုင်ဝမ်ခရီးစဉ်သည် အာရှဒေသ တည်ငြိမ် အေးချမ်းမှုကို ထိခိုက်စေသဖြင့် မလိုလားပါကြောင်း၊ အာရှဒေသ တည်ငြိမ်အေးချမ်းမှုမှတစ်ဆင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိခိုက်လာနိုင်သဖြင့် ရှောင်ကြဉ်သင့်သော ခရီးစဉ်အဖြစ် ရှုမြင်ကြောင်း ကြေညာချက်ထုတ်ပြန်ထားပါသည်။