ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကြမ်းဖက်တိုက်ဖျက်ရေးစွမ်းရည်မြှင့်တင်ဖို့ အကူအညီပေးရန် တရုတ်ပန်ကြား

(GMT+08:00)2022-08-10 17:25:04  

ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းသည် သြဂုတ်လ ၉ ရက်နေ့က ကျင်းပသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ “အကြမ်းဖက်မှုကြောင့် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေခြင်း” ဟူသော အစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ရာ တစ်ကမ္ဘာလုံးအကြမ်းဖက်ဝါဒ၏ ခြိမ်းခြောက်မှုကို ထိရောက်စွာ နှိမ်နင်းတိုက်ဖျက်ရေးဆိုင်ရာ တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ရှင်းလင်း ဖော်ပြကာ ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် အာဖရိကနိုင်ငံများ၏ အကြမ်းဖက် တိုက်ဖျက်ရေး စွမ်းရည်မြှင့်တင်ဖို့ အကူအညီပေးရန် ပန်ကြားခဲ့ပါသည်။

ကျန်းကျွင်းက တရုတ်နိုင်ငံအနေဖြင့် လက်တွေ့ဆောင်ရွက်မှုများဖြင့် အာဖရိကနှင့် အလယ်အာရှရှိ သက်ဆိုင်ရာနိုင်ငံများအား အကြမ်းဖက်တိုက်ဖျက်ရေးစွမ်းရည်မြှင့်တင်ရန် အကူအညီပေးမည်ဖြစ်ကြောင်း၊ အကြမ်းဖက်ခြိမ်းခြောက်မှုကို ထိရောက်စွာ ရင်ဆိုင်ပြီး ဒေသတွင်းငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အကျိုးပြုစွမ်းဆောင် မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။