အမေရိကန် နယူးမက္ကဆီကိုတွင် မူဆလင် ၄ ဦး သေနတ်ပစ်ခံရ၊ သံသယရှိသူ ၁ ဦးကို ဖမ်းဆီးထား

(GMT+08:00)2022-08-10 15:03:59  

အမေရိကန် နယူးမက္ကဆီကိုပြည်နယ် အကြီးဆုံးမြို့ Albuquerque တွင် မူဆလင် ၄ ဦး သေနတ်ပစ်ခတ်မှုခံရခြင်းကြောင့် အမေရိကန်တစ်နိုင်ငံလုံးနှင့် နိုင်ငံတကာ လူ့အဖွဲ့အစည်း သည် အာရုံစူးစိုက်ကြသည်။ ယခုလ ၉ ရက်နေ့တွင် Albuquerque ရဲဘက်သည် သံသယရှိသူတစ်ဦးကို ဖမ်းဆီးထားပြီဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

အမေရိကန်မီဒီယာ၏ ဖော်ပြချက်အရ ပြီးခဲ့သည် ၉ လတွင် Albuquerque ၌ မူဆလင် ၄ ဦး ရှေ့ဆင့်နောက်ဆက် သေနတ်ပစ်ခတ်မှုခံရကြောင်း၊ ပြီးခဲ့သည့် ၂ ပတ်တွင် သေနတ်ပစ်ခတ်မှု ၃မှု ဖြစ်ပွားကြောင်း ဖော်ပြသည်ဟု သတင်းအရ သိရပါသည်။