ဂျပန်ဘက်မှ မှားယွင်းသော ပြောဆိုချက်နှင့် အကြောင်းမဲ့သက်သက် ပြစ်တင်မှုကို တရုတ်နိုင်ငံ ပြတ်ပြတ်သားသား ဆန့်ကျင်

(GMT+08:00)2022-08-09 15:50:42  

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ပစ်လွှတ်သည့် ဒုံးခွင်းဒုံးကျည်သည် “ဂျပန် သီးခြား စီးပွားရေးဇုန်”သို့ ကျခဲ့သည်ဟူသော ဂျပန် ဝန်ကြီးချုပ် Fumio Kishida ၏ ပြောဆိုချက်နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝင်ပင်က ဂျပန်ဘက်မှ မှားယွင်းသော ပြောဆိုချက်နှင့် အကြောင်းမဲ့သက်သက် ပြစ်တင်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ တရား ဥပဒေ အလွှာမှ ဖြစ်စေ၊ နိုင်ငံရေးနှင့် ကျင့်ဝတ်တရား အလွှာမှ ဖြစ်စေ၊ ဂျပန်သည် ထိုင်ဝမ်ရေးရာကို ဝင်ရောက်စွက်ဖက်ပြောဆိုပိုင်ခွင့် မရှိကြောင်း ပြောကြားသည်။

ထို့အပြင်၊ ဝမ်းဝင်ပင်က ဂျပန်ဘက်အား ကျူးကျော်မှု သမိုင်းကို လေးနက်စွာ ပြန်လည် သုံးသပ်ပြီး ထိုင်ဝမ်ပြဿနာ၏ လွန်စွာ အကဲဆတ်မှုကို ရှင်းရှင်းလင်းလင်း သိမြင်ကာ တရုတ်-ဂျပန် နိုင်ငံရေး စာတမ်း ၄ ရပ်ပါ အခြေခံမူများနှင့် ယခုထက်ထိ ပြုထားခဲ့သော ကတိကဝတ်များကို လိုက်နာ စောင့်စည်း၍ အမေရိကန်၏ “ထိုင်ဝမ်ဖြင့် တရုတ်ပြည်ကို ထိန်းချုပ်ဟန့်တားရေး”ဟူသော မှားယွင်းသော လုပ်ရပ်ကို နောက်လိုက်ခြင်းနှင့် တွဲဖက်ဆောင်ရွက်ခြင်းအား ရပ်စဲပြီး နှစ်နိုင်ငံ ဆက်ဆံမှုကို တစ်ဆင့်တိုး ဆိုးရွားစွာ မထိခိုက်စေဖို့ ဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်ကြောင်း ပြောကြားသည်။