ပလိုစီရဲ့ အဆိပ်ပါတဲ့ “ဒီမိုကရေစီ”ကို အမေရိကန် နိုင်ငံသားတွေတောင် ဆဲနေ ကြပြီ

(GMT+08:00)2022-08-09 10:01:18  

   မကြာခင်က အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ပလိုစီက “ဒီမိုကရေစီကို ထောက်ခံဖို့ အတွက်” လို့ ဆိုပြီး တရုတ်နိုင်ငံ ထိုင်ဝမ် ဒေသကို သွားရောက်ခဲ့တယ်။ သူ့ရဲ့ တကယ့် ရည်ရွယ်ချက်က ဘာလဲဆိုတာ ထိုင်ဝမ်ဒေသခံများက ရှင်းရှင်းလင်းလင်း သိကြတယ်။ ထိုင်ဝမ်မှ ဆန္ဒပြသူတွေက ပလိုစီရဲ့ ရည်ရွယ်ချက်ဟာ ကိုယ်ကျိုးစီးပွား၊ သူတို့ ပါတီရဲ့ အကျိုးစီးပွားနဲ့ အမေရိကန်ရဲ့ အကျိုးစီးပွားပါပဲလို့ ပြောဆိုခဲ့ကြတယ်။ နောက် တချို့ကလည်း ထိုင်ဝမ်သူ ထိုင်ဝမ်သားတို့ဟာ ငြိမ်းချမ်းရေးကို မြတ်နိုးပြီး အမေရိကန်ရဲ့ “ဓားစာခံ” ဖြစ်ဖို့ ငြင်းပယ်တယ်လို့ ထောက်ပြခဲ့ကြတယ်။

   ဒီအချက်ကို အမေရိကန်နိုင်ငံသားများကလည်း ရှင်းရှင်းလင်းလင်း သိကြပါတယ်။ အမေရိကန်စံတော်ချိန် ၅ ရက်နေ့က အိမ်ဖြူတော်မှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်က ပလိုစီဟာ တရုတ်နဲ့ အမေရိကန် ဆက်ဆံမှု ပျက်ကွဲမှု အပေါ် တာဝန် ယူသင့်သလားလို့ မေးခွန်း ထုတ်ခဲ့တယ်။ နောက် သတင်းထောက်တွေကလည်း ပလိုစီရဲ့ ထိုင်ဝမ် ခရီးစဉ်ဟာ ထိုင်ဝမ် ရေလက်ကြား အခြေအနေ ပြင်းထန်ဆိုးဝါးလာစေခဲ့တယ်လို့ ထောက်ပြခဲ့ကြတယ်။

   ယခုရက်များမှာ တရုတ်နိုင်ငံရဲ့ တရားမျှတသော တန်ပြန်ဆောင်ရွက်မှုတွေဟာ နိုင်ငံတကာ မိသားစုကြီးရဲ့ ကျယ်ပြန့်တဲ့ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။ အဲဒီ တန်ပြန် ဆောင်ရွက်မှုများဟာ ရန်စသူများကို တည်ကြည်လေးနက်တဲ့ သတိပေးခြင်း၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ပြည့်စုံမှုကို ပြတ်ပြတ်သားသား ထိန်းသိမ်း ကာကွယ်ခြင်းအပြင် အမေရိကန်ပုံစံ ဒီမိုကရေစီရဲ့ ကျူးလွန် ထိခိုက်မှုဒဏ်များကို ခံခဲ့ရတဲ့ နိုင်ငံနဲ့ဒေသများအတွက် ပြတ်ပြတ်သားသား တုံ့ပြန် ဆောင်ရွက်မှုလည်း ဖြစ်ပါတယ်။ နိုင်ငံနဲ့ နိုင်ငံတကာအဖွဲ့အစည်း ၁၇၀ ကျော်တို့က ပလိုစီကို ပြစ်တင်ရှုတ်ချပြီး တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို စွဲကိုင်ကြောင်း ဖေါ်ပြခဲ့ကြပါတယ်။

  အဲဒါဟာ ဗိုလ်ကျစိုးမိုးမှုနဲ့ ဗိုလ်ကျစိုးမိုးမှု ဆန့်ကျင်ရေး၊ ဝင်ရောက်စွက်ဖက်မှုနဲ့ ဝင်ရောက်စွက်ဖက်မှု ဆန့်ကျင်ရေး၊ သွေးခွဲမှုနဲ့ သွေးခွဲမှု ဆန့်ကျင်ရေး ကြားက တိုက်ခိုက်မှုပဲ ဖြစ်တယ်လို့ China Media Group မှ သတင်း ဆောင်းပါးတစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။