ဝူဟန့်နှင့်ချုံချင့်မြို့တွင် မောင်းသူမဲ့ တက္ကစီများ စတင်လည်ပတ်

(GMT+08:00)2022-08-09 12:03:47  

ဝူဟန့်မြို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဇုန်နှင့် ချုံချင့်မြို့ ယုံချွမ်း မြို့နယ်၏ သီးခြားနေရာ များတွင် သြဂုတ်လ ၈ ရက်နေ့မှစ၍ မောင်းသူမဲ့တက္ကစီများကို ခေါ်စီးနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ အဆိုပါ နေရာ ၂ နေရာသည် မောင်းသူမဲ့မော်တော်ကားကို စီးပွားရေး လုပ်ငန်းအဖြစ် ပထမဦးဆုံး စူးစမ်းဆောင်ရွက်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏  မောင်းသူမဲ့ကား ပေါ်လစီ ဆန်းသစ် တီထွင်မှု၊ နည်းပညာတိုးတက်မှုနှင့် ကျယ်ပြန့်စွာ အသုံးချမှုတို့အတွက် စံနမူနာ ပြုပေးမည် ဖြစ်ကြောင်း China Media Group မှ သတင်းအရသိရပါသည်။