ရဲများသည် အာရှဆင်များ၏ ပုံရိပ်ဖော်ဓါတ်ပုံများကို ကြီးကြပ်တိုင်းတာခြင်းဖြင့် ခိုးဝင်မှု သင်္ကာမကင်းရှိသူများကို ဖမ်းဆီး

(GMT+08:00)2022-08-09 15:53:56  

    ယခုရက်များတွင် ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား နယ်စပ်ဒေသ စီမံခန့်ခွဲရေး အဖွဲ့ခွဲမှ ရဲများသည် တောရိုင်းအာရှဆင်များ၏လှုပ်ရှားမှုကို ကြီးကြပ်တိုင်းတာခဲ့ရာ၌ ပုံရိပ်ဖော်ဓါတ်ပုံများဖြင့် မောင်းသူမဲ့လေယာဉ်မှတစ်ဆင့် သင်္ကာမကင်းရှိသူ ၅ ယောက်ကို မတော်တဆ တွေ့ရှိခဲ့ပါသည်။ အံ့သြဖွယ်ရာရှိသည်မှာ အာရှဆင်များသည် ခိုးဝင်မှု သင်္ကာ မကင်းရှိသူများ၏ လှုပ်ရှားမှုဦးတည်ချက်အတိုင်း တစ်လျှောက်လုံး လမ်းလျှောက်ခဲ့ပါသည်။ နောက်ဆုံးတွင် ရဲနှင့်အာရှဆင်များ ပူးပေါင်းပြီး ခိုးဝင်မှု သင်္ကာမကင်းရှိသူများကို ဖမ်းဆီးခဲ့ပါသည်။ လက်ရှိအချိန်တွင် ယင်းမှုခင်းကို တစ်ဆင့်တိုး စုံစမ်းစစ်ဆေး နေပါသည်။