၂၆ နှစ်အရွယ် ယောက်ျားလေးသည် ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲကို အောင်မြင်ပြီးနောက် အစားအသောက် ပါဆယ်ထုပ်ပို့ဆောင်ရေးသမား အလုပ်လုပ်ရန်စိတ်ကူး

(GMT+08:00)2022-08-09 11:10:04  

Gao Shuaiqi သည် ယခုနှစ်တွင် အသက်၂၆ နှစ်ရှိပြီး တရုတ်နိုင်ငံ ဟိုနန်ပြည်နယ် ကျင့်ကျိုးမြို့တွင် နေထိုင်သည်။ မကြာသေးမီက သူသည် ဘွဲ့လွန်ဝင်ခွင့်အကြောင်းကြားစာကို လက်ခံရရှိခဲ့သည်။ ယခုနှစ် စက်တင်ဘာလတွင် ရှန်ဟိုင်း Jiaotong တက္ကသိုလ် Kaiyuan ဥပဒေကောလိပ်မှ ဘွဲ့လွန် ကျောင်းသားတစ်ဦး ဖြစ်လာမည်ဖြစ်သည်။ ဒါပေမဲ့ အောင်မြင်မှုရဲ့နောက်ကွယ်မှာ မသိတဲ့အခက်အခဲတွေ ရှိနေတုန်းပါပဲ။ စာမေးပွဲ အတွက် ပြင်ဆင်နေစဉ်တွင် Gao Shuaiqi ၏ ဖခင်သည် ဦးနှောက်သွေးကြောပေါက်ခြင်းကို ခံစားခဲ့ရပြီး သူ့မိခင်ကိုကူညီပြီး ဖခင်ဖြစ်သူအား ပြုစုစောင့်ရှောက်ပေးရုံသာမက စာကျက်ရန်လည်း အချိန်ယူရန် ကြိုးစားခဲ့သည်။ ယခုနှစ် ဧပြီလတွင် သူကျောင်းတက်ခွင့်ရကြောင်းသိရှိပြီးနောက် ၎င်း၏မိသားစုကို ထောက်ပံ့ရန် ကျောင်းမစမီ အစားအသောက်ပါဆယ်ထုပ် ပို့ဆောင်ရေးသမား တစ်ဦးအဖြစ် အရင်လျှောက်ထားရန် ဆုံးဖြတ်ခဲ့သည်။