ဆိုးလ်မြို့နှင့် အနီးတစ်ဝိုက်၌ မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းမှုကြောင့် လူ ၈ ဦး သေဆုံးပြီး ၆ ဦး ပျောက်ဆုံး

(GMT+08:00)2022-08-09 13:57:37  

       တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့နှင့် အနီးတစ်ဝိုက်ဒေသများတွင် သြဂုတ်လ ၈ ရက်နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး ၉ ရက်နေ့တွင် ဆက်လက်ရွာသွန်းလျက် ရှိသည်။ တောင်ကိုရီးယား ဗဟို ဘေးအန္တရာယ် ကိုင်တွယ်ဖြေရှင်းရေး ဝန်ကြီးဌာနမှ စာရင်းအရ ဒေသစံတော်ချိန် သြဂုတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီအထိ မိုးကြီးခြင်းကြောင့် လူ ၈ ဦး သေဆုံးပြီး ၆ ဦး ပျောက်ဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိကြောင်း သတင်းအရ သိရပါသည်။