ယူကရိန်းကို ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ စစ်ရေးထောက်ပံ့မှု ထပ်မံပေးမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ကြေညာ

(GMT+08:00)2022-08-09 12:17:12  

ယူကရိန်းကို ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ စစ်ရေးပစ္စည်းများ ထပ်မံ ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း ဒေသစံတော်ချိန် သြဂုတ် ၈ ရက်နေ့တွင် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ ကြေညာချက်အရ ယင်းသည် ၂၀၂၁ ခုနှစ် ဩဂုတ်လကတည်းက ဘိုင်ဒင်အစိုးရက သမ္မတ၏ ငွေကြေးထုတ်ပေးခွင့်အရ အမေရိကန် စစ်ရေးအရန်ငွေမှ ထုတ်ယူသော "အတိုင်းအတာအကြီးမားဆုံး စစ်ရေးထောက်ပံ့မှု တစ်ခု” ဖြစ်ကြောင်း သိရပါသည်။

ဘိုင်ဒင် အစိုးရတက်လာပြီးကတည်းက အမေရိကန်သည် ယူကရိန်းကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၉.၈ ဘီလီယံတန်ဖိုးရှိ လုံခြုံရေးထောက်ပံ့မှုကို ပေးအပ်ရန် ကတိပြုထားခဲ့ပါသည်။