အမေရိကန်သည် စေ့စပ်ဆွေးနွေးပွဲ အခွင့်ကောင်းကို အမိအရ ဖမ်းဆုပ်ပြီး နိုင်ငံရေးဆုံးဖြတ်ချက်ကို အမြန်ဆုံး ချမှတ်သင့်ဟု တရုတ် စေ့စပ်ဆွေးနွေးပွဲ ကိုယ်စားလှယ်ဆို

(GMT+08:00)2022-08-09 13:30:22  

       အီရန် နျူကလီးယားပြဿနာ ဘက်စုံသဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်ရေး စေ့စပ်ဆွေးနွေးပွဲ ၅ လခန့်ကြာ ရပ်နားပြီးနောက် မကြာခင်ရက်များက အမေရိကန်နှင့် အီရန် တို့သည် ယင်းစေ့စပ်ဆွေးနွေးပွဲကို ဗီယင်နာမြို့၌ ပြန်လည် ကျင်းပခဲ့သည်။  တရုတ်နိုင်ငံမှ စေ့စပ် ဆွေးနွေးပွဲ ကိုယ်စားလှယ်၊ ဗီယင်နာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ် ဝမ်ချွန်က လက်ရှိ စေ့စပ်ဆွေးနွေးပွဲသည် တန်ဖိုးကြီး အခွင့်ကောင်း ဖြစ်ပြီး အမေရိကန်ဘက်အနေနှင့် စေ့စပ်ဆွေးနွေးပွဲတွင် သဘောတူညီမှု အမြန်ဆုံးရရှိဖို့အတွက် နိုင်ငံရေးဆုံးဖြတ်ချက် အမြန်ဆုံး ချမှတ်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။

       ဝမ်ချွန်က ယခုအကြိမ် စေ့စပ်ဆွေးနွေးပွဲ ပြန်လည်ကျင်းပခြင်းသည် သဘောကွဲလွဲမှုများကို ဖြေရှင်းရန်အတွက် စေ့စပ်ဆွေးနွေးပွဲမှတစ်ဆင့်သာ တစ်ခုတည်းသော မှန်ကန်သည့် နည်းလမ်းပင် ဖြစ်သည်ဟု ပြသကြောင်း၊မကြာခင်နှစ်များအတွင်း အမေရိကန်နိုင်ငံသည် အီရန်နိုင်ငံအား အကြိမ်ကြိမ်ခြိမ်းခြောက်ပြီး တရုတ်နိုင်ငံ အပါအဝင် အဖွဲ့အစည်း အများအပြားအပေါ် အရေးယူမှုအသစ် ပြုလုပ်ခဲ့ကြောင်း၊ ယင်းလုပ်ရပ် သည် စေ့စပ်ဆွေးနွေးပွဲကို တွန်းအားပေးမှာ မဟုတ်ဘဲ အခြေအနေ ဆိုးဝါးသွားစေကြောင်း၊ လက်ရှိ အီရန် နျူကလီးယား အကျပ်အတည်းကို အစပြုသူအနေဖြင့် အမေရိကန်သည် အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်သိရှိပြီး ရိုးသားမှုဆန္ဒ ဖော်ပြကာ စေ့စပ်ဆွေးနွေးပွဲတွင် သဘောတူညီမှု အမြန်ဆုံးရရှိရန်အတွက်  တွန်းအားပေးသင့်ကြောင်း ပြောကြားသည်။