ပဋိပက္ခဖြစ်ပွားရာနေရာတွင် ဆန္ဒခံယူပွဲကျင်းပလျှင် ရုရှား-ယူကရိန်း ညှိနှိုင်း ဆွေးနွေး နိုင်ခြေမရှိဟု Zelensky ဆို

(GMT+08:00)2022-08-09 15:32:06  

ယူကရိန်း အမျိုးသား သတင်းဌာန၏ ထုတ်ပြန်ချက်တွင် ဒေသစံတော်ချိန် ယခုလ ၇ ရက် နေ့ညက သမ္မတ Zelensky က ပုံမှန်ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားခဲ့ရာ ရုရှားသည် တောင်ပိုင်း ပဋိပက္ခ ဖြစ်ပွားရာနေရာတွင် ဆန္ဒခံယူပွဲကျင်းပလျှင် ရုရှား-ယူကရိန်းညှိနှိုင်းဆွေးနွေးနိုင်ခြေ မရှိကြောင်း၊ ဆန္ဒခံယူပွဲ ကျင်းပရန် ရုရှားအား ကူညီပေးသူမှန်သမျှ တာဝန်ခံရမည်ဖြစ်ကြောင်း ဖော်ပြ သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။