Zaporozhye နျူကလီးယား ဓာတ်အားပေးစက်ရုံကို ပစ်ခတ်မှုနှင့် ဖောက်ခွဲမည့်လုပ်ရပ် အပေါ် ရုရှားနှင့် ယူကရိန်း အပြန်အလှန် ပြစ်တင်ရှုတ်ချ

(GMT+08:00)2022-08-09 15:33:34  

ယခုလ ၈ ရက်နေ့က ရုရှားနိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၇ရက်နေ့က ယူကရိန်းတပ်မတော်(၄၄)အမြောက်တပ်သည် Kakhovka ရေလှောင်ကန်၏ ဆန့်ကျင်ဖက်ကမ်းရှိ Marganets ဒေသမှ Zaporozhye နျူကလီးယား ဓာတ်အားပေး စက်ရုံသို့ ပတ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

ယခုလ ၈ ရက်နေ့က ယူကရိန်း Pravda သတင်းစာမှ ထုတ်ပြန်ချက်အရ ယူကရိန်း အမျိုးသား နျူကလီးယားလျှစ်စစ်ဓါတ်အားပေးကုမ္ပဏီ၏ အချက်အလက်တွင် ရုရှားသည် Zaporozhye နျူကလီးယားဓာတ်အားပေးစက်ရုံတွင် ဗုံးထောင်ထားပြီး လိုအပ်သော အချိန်တွင် နျူကလီးယားဓာတ်အားပေးစက်ရုံကို ဖောက်ခွဲမည်ဖြစ်ကြောင်း ဖော်ပြသည်ဟု သတင်းအရ သိရပါသည်။