ရုရှားက Haimas multiple ဒုံးကျည်စနစ်ကို ဖျက်ဆီး၊ ယူကရိန်းက အန်တိုနော့ဗ်စကီး တံတားကို ထပ်မံတိုက်ခိုက်

(GMT+08:00)2022-08-09 14:14:16  

ရုရှားစစ်တပ်သည် ယခုလ ၇ ရက်နေ့က အမေရိကန်မှထုတ်လုပ်သော Haimas multiple ဒုံးကျည်စနစ်ကို ဖျက်ဆီးခဲ့ပြီး ၄င်း၏ဒုံးကျည် ၂၀  ကျော်ကို ကြားဖြတ်ဟန့်တားခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ၈ ရက်နေ့တွင် ကြေညာခဲ့ကြောင်း၊ တစ်နေ့တည်းတွင် ယူကရိန်းစစ်တပ်သည် Haimas multiple ဒုံးကျည်စနစ်ဖြင့် တောင်ဘက်ရှိ ဒနီပါမြစ်ကို ဖြတ်ကျော်သော အရေးကြီးတံတားဖြစ်သည့် အန်တိုနော့ဗ်စကီး တံတားကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

ယခုလ ၆ ရက်နေ့ညမှ ၇ ရက်နေ့လင်းအားကြီးအချိန်အထိ ရုရှားစစ်တပ်မှ ပစ်လွှတ်သော ဒုံးကျည်များသည် နျူကလီယားဓာတ်အားပေးစက်ရုံ အနီးရှိ လောင်စာဆီသိုလှောင်မှုစခန်းအနီးတစ်ဝိုက်ကို ပစ်ခတ်ခဲ့သဖြင့် နျူကလီးယားဓာတ်အားပေးစက်ရုံ၏ ဓာတ်ရောင်ခြည်စောင့်ကြည့်ရေး စက်ကိရိယာများ ကိုထိခိုက်ခဲ့သည်ဟု ယင်းမတိုင်မီက ယူကရိန်းနိုင်ငံ နျူကလီးယားကုမ္ပဏီက ‌ပြောကြားခဲ့ကြောင်း၊ ရုရှားဘက်သည် ၄င်းကို ငြင်းဆိုခဲ့ပြီး ယူကရိန်းစစ်တပ်သည် "ဟာရီကိန်း" ရောကက်ဂန်းဖြင့်  နျူကလီးယားဓာတ်အားပေးစက်ရုံကို တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခဲ့ကြောင်း သတင်းရရှိပါသည်။