တရုတ်-အမေရိကန်ဆက်သွယ်ရေးလမ်းကြောင်းအချို့ကို ဖျက်သိမ်းခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တုံ့ပြန်ပြောဆို

(GMT+08:00)2022-08-09 15:44:26  

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Patricia Pelosi မှ တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ သွားရောက်လည်ပတ်ခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံသည် တန်ပြန် ဆောင်ရွက်ရာတွင် တရုတ်-အမေရိကန်နှစ်နိုင်ငံအကြား ဆက်သွယ်ရေး လမ်းကြောင်း အချို့ကို ဖျက်သိမ်းခဲ့ပါသည်။ ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူဝမ်ဝင်ပင်က တွေ့ဆုံဆွေးနွေးလျှင် စိတ်ရင်းစေတနာလိုအပ်ကြောင်း၊ Nancy Patricia Pelosi မှ တရုတ်နိုင်ငံထိုင်ဝမ်ဒေသသို့ သွားရောက်လည်ပတ်ခြင်း နှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် တည်ကြည်လေးနက်စွာ ဆက်လက် အရေးဆိုမည်ဖြစ်ကြောင်း သြဂုတ်လ ၈ ရက်နေ့က ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူဝမ်ဝင်ပင်က တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံအား သေသေချာချာ ပြန်လည်သုံးသပ်ပြီး အမှားများကို ချက်ချင်းပြင်ပေးရန်၊ ထိုင်ဝမ်သီးခြား တည်ရှိရေး ခွဲထွက်အင်အားကို လက်လွတ်စပယ်ပြုခြင်းနှင့် ထောက်ခံမှုကို ရပ်စဲရန်၊ ထိုင်ဝမ်ဒေသကိုအကြောင်းပြပြီး တရုတ်နိုင်ငံအား ကန့်သတ်ချုပ်ခြယ်မှုကို ရပ်စဲရန် တိုက်တွန်းကြောင်း အလေးထား ပြောကြားခဲ့ပါသည်။