Mengtian စမ်းသပ်ရေး မော်ဂျူးကို မကြာခင်က ဝင်ချမ်းအာကာသလွှတ်တင်ရေးစခန်းသို့ ပို့ဆောင်ရောက်ရှိ

(GMT+08:00)2022-08-09 15:52:21  

တရုတ်နိုင်ငံ အာကာသစခန်း၏ ဒုတိယမြောက်စမ်းသပ်ရေး အာကာသယာဉ် အပိုင်းဖြစ်သည့် Mengtian စမ်းသပ်ရေး မော်ကျူး သုတေသနထုတ်လုပ်ရေးလုပ်ငန်းကို ဆောင်ရွက်ပြီးစီးခဲ့ပြီး မကြာခင်က ဝင်ချမ်းအာကာသလွှတ်တင်ရေးစခန်းသို့ ပို့ဆောင် ရောက်ရှိပြီဖြစ်ကြောင်း၊ နောက်ပိုင်းတွင် Mengtian စမ်းသပ်ရေး မော်ကျူးကို အစီအစဉ်အရ လွှတ်တင်ရေးစခန်း၌ တပ်ဆင်ရေးနှင့် တိုင်းထွာ စမ်းသပ်ရေးလုပ်ငန်း အသီးသီးကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် လွှတ်တင်ရေးစခန်း၏ အဆောက်အအုံများနှင့် ပစ္စည်းကိရိယာများသည် အခြေအနေကောင်းမွန်ပြီး ပါဝင်တိုင်းထွာစမ်းသပ်မည့် စနစ်အသီးသီးသည် တာဝန်များဆိုင်ရာ ပြင်ဆင်မှုကို စနစ်တကျဆောင်ရွက်နေကြောင်း China Media Group မှ သတင်းအရ သိရပါသည်။