Hiroshima မြို့ အဏုမြူဗုံးကျဲတိုက်ခိုက်မှုခံရသည့် ၇၇နှစ် ပြည့်မြောက်ခြင်း အထိမ်းအမှတ် အခမ်းအနားတွင် ဂျပန် ဝန်ကြီးချုပ်၏ အမှာစကား ပြောဆိုခြင်းနှင့် ပတ်သက်၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောဆိုချက်

(GMT+08:00)2022-08-09 15:51:17  

Hiroshima မြို့ အဏုမြူဗုံးကျဲတိုက်ခိုက်မှုခံရသည့် ၇၇ နှစ် ပြည့်မြောက်ခြင်း အထိမ်းအမှတ် အခမ်းအနားတွင် ဂျပန် ဝန်ကြီးချုပ်၏ အမှာစကား ပြောဆိုခြင်းနှင့် ပတ်သက်၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝင်ပင်က ၄င်းအဏုမြူဗုံးကျဲတိုက်ခိုက်မှု ခံရခြင်းကို ပြောဆိုရာတွင် ထိုအချိန်က သမိုင်းနောက်ခံအကြောင်းရင်းကို မပြောလျှင် မရကြောင်း၊ ဂျပန်သည် အဏုမြူဗုံးကျဲ တိုက်ခိုက်မှု ခံရခြင်းကိုသာ ပြောကြားကြောင်း၊ ၄င်း၏ ကျူးကျော်မှု သမိုင်းအပေါ် လေးနက်စွာ ပြန်လည် သုံးသပ်ခြင်း လုံးဝ မရှိကြောင်း ယခုလ ၈ရက်နေ့က ပြောကြားသည်။

ထို့အပြင်၊ ဝမ်းဝင်ပင်က ဂျပန်သည် နျူကလီးယားလက်နက်မပြန့်ပွားစေရေး စာချုပ်၏ နျူကလီးယား လက်နက် ကင်းမဲ့စေရေး စာချုပ်ဝင် နိုင်ငံ ဖြစ်ကြောင်း၊ ဂျပန် နိုင်ငံအား နျူကလီးယား မပြန့်ပွားစေရေးဆိုင်ရာ နိုင်ငံတကာ တာဝန်ဝတ္တရားကို ထိရောက်တိကျစွာ လိုက်နာဆောင်ရွက်ပြီး ကတိပြုထားသည့် “နျူကလီးယား ကင်းမဲ့စေရေး အခြေခံမူ ၃ရပ်” ကို တင်းကျပ်စွာ စောင့်စည်း လိုက်နာကာ နျူကလီးယားလက်နက် ဖွံ့ဖြိုးရေးနှင့်တင်သွင်းရေးကို မပြုဘဲ လက်တွေ့ ဆောင်ရွက်မှု များဖြင့် “နျူကလီးယား လက်နက် မရှိသော ကမ္ဘာ”ကို အကောင်အထည် ဖော်ဆောင်ရေး အတွက် ပြုသင့်သည့် အကျိုးပြုမှုကို စွမ်းဆောင်ရန် တရုတ်ပြည်က တိုက်တွန်းနှိုးဆော်ကြောင်း အလေးထား ပြောကြားသည်။