ထိုင်ဝမ်ရေးရာတွင် ကန်၏ မိမိစိတ်တိုင်းကျ မဆင်မခြင် လုပ်ဆောင်ခြင်းကို တရုတ်ပြည်သူများက လုံးဝ သဘောမတူသလို ကမ္ဘာ့ပြည်သူများက သဘောတူမည် မဟုတ်ကြောင်း တရုတ်ဆို

(GMT+08:00)2022-08-09 15:42:46  


လွန်ခဲ့သည့်ရက်များက အမေရိကန် အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူသည် တရုတ် အကြောင်းနှင့် ပတ်သက်၍ မသင့်လျော်သော အပြောအဆိုကို ထုတ်ပြန်ခဲ့ပါသည်။ ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က အမေရိကန်၏ အကြောင်းမဲ့သက်သက် အပြောအဆိုများနှင့် လုပ်ရပ်များသည် ထင်ရှားသည့် အဖြစ်မှန်တစ်ခုကို ဖုံးကွယ်ထားနိုင်မည်မဟုတ်ကြောင်း၊ ယင်းမှာတော့ ထိုင်ဝမ်ဒေသ၏ လက်ရှိအခြေအနေကို ပြောင်းလဲစေပြီး ဒေသတွင်း အခြေအနေ တင်းမာလာစေရန် အမေရိကန်က မြှင့်တင်ပေးခြင်းဖြစ် ကြောင်း၊ အကြောင်းမဲ့သက်သက် ရန်စမှုပြုပြီး တာဝန်မဲ့ဖြစ်သူသည် အမေရိကန်နိုင်ငံဖြစ်ကြောင်း ယမန်နေ့ ၈ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ဖော်ပြခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။
ဝမ်ဝင်ပင်က အမေရိကန်၏ ရန်စမှုကြောင့် တရုတ်ပြည်သည် တရားမျှတမှန်ကန်စွာ တုံ့ပြန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်ပြည်၏ တန်ပြန်ဆောင်ရွက်မှုများသည် နိုင်ငံတော် အချုပ်အခြာ အာဏာပိုင်မှုနှင့်လုံခြုံမှုကို ထိန်းသိမ်းကာကွယ်ရန်ရည်ရွယ်ထားပြီး နိုင်ငံတကာ တရားဥပဒေများနှင့် တရုတ်ပြည်တွင်းတရားဥပဒေများနှင့် ကိုက်ညီကြောင်း၊ Pelosi ၏ထိုင်ဝမ်ဒသသို့ သွားရောက်ခြင်းကို တရုတ်ပြည်က ပြတ်ပြတ်သားသား တံ့ုပြန်အရေးယူမှုသည် မိမိနိုင်ငံ၏ အချုပ်အခြား အာဏာပိုင်မှုနှင့် နယ်မြေတည်တံ့ပြည့်စုံမှု ထိန်းသိမ်းကာကွယ်ရန်အတွက် လိုအပ်သော ဆောင်ရွက်ချက်ဖြစ်သည့်အပြင် နိုင်ငံတကာဆက်ဆံမှုအခြေခံမူနှင့် ဒုတိယ ကမ္ဘာစစ်အပြီးတွင် နိုင်ငံတကာစည်းမျဉ်းဥပဒေများ ထိန်းသိမ်းစောင့်ရှောက်ရန် တရားမျှတမှန်ကန်သည့် လုပ်ဆောင်မှုလည်းဖြစ်ကြောင်း၊ ထိုင်ဝမ်ရေးရာတွင် အမေရိကန်၏ မိမိစိတ်တိုင်းကျ မဆင်မခြင် လုပ်ဆောင်လျှင် တရုတ်ပြည်သူများသည် လုံးဝ သဘောမတူသလို ကမ္ဘာ့ပြည်သူများသည် သဘောတူမည် မဟုတ်ကြောင်း ဖော်ပြပါသည်။