တရုတ်နိုင်ငံမှ ပထမဆုံးသော အမြဲတမ်း သံလိုက် maglev ရထားလမ်း စမ်းသပ်လိုင်း တည်ဆောက်မှု ပြီးစီး

(GMT+08:00)2022-08-09 13:27:30  

       သြဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းက တရုတ်ပြည်မှ ပထမဆုံးသော အမြဲတမ်း သံလိုက် maglev ရထားလမ်း စမ်းသပ်လိုင်း Hong Gui (အနီရောင် သံလမ်း) တည်ဆောက်မှုသည်ကျန်းရှီးပြည်နယ်၌ ချောမောစွာ ပြီးစီးခဲ့သည်။ ယင်း maglev ရထားသည် ရော်ဘာဘီးများကို အားကိုးမည့်အစား အမြဲတမ်းသံလိုက်ပစ္စည်းများနှင့် သံလမ်းများအကြား တွန်းလှန်ခြင်း နိယာမကို အသုံးပြုပြီး သုည-ပွတ်တိုက်မှုဖြင့် လည်ပတ်နိုင်ကြောင်း သတင်းအရ သိရပါသည်။