တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို နယူးယောက်သို့ ပို့ဆောင်ခဲ့၊ အမေရိကန် ပါတီနှစ်ခုကြား ဟာသဇာတ်လမ်းကြီး ထပ်မံတင်ဆက်

(GMT+08:00)2022-08-09 12:16:24  

လူဝင်မှုကြီးကြပ်ရေးအကျပ်အတည်းနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံ ဒီမိုကရက်တစ်နှင့် ရီပတ်ဘလစ်ကန် ပါတီနှစ်ခုသည် တစ်ချိန်လုံးအငြင်းပွားမှုများဖြစ်ပွားပြီး အချင်းချင်းပြစ်တင်ကာ တာဝန်များကိုလည်း လွှဲချခဲ့ပါသည်။ ရီပတ်ဘလီကန်ပါတီဝင်ဖြစ်သူ တက္ကဆက်ပြည်နယ် ပြည်နယ်မှူး အာဘိုထ်သည် ဒီမိုကရက်တစ်ပါတီဝင်ဖြစ်သူ သမ္မတ ဘိုင်ဒန်ကို မကျေနပ်မှုများ အကြိမ်ကြိမ် ထုတ်ဖော်ခဲ့ပါသည်။ ၄င်းက ဘိုင်ဒန် တံခါးဖွင့်သော လူဝင်မှုကြီးကြပ်ရေးမူဝါဒကြောင့် နယ်စပ်လူဝင်မှုကြီးကြပ်ရေး အကျပ် အတည်း ဖြစ်လာကြောင်း ယူဆပါသည်။ ထို့ကြောင့် အာဘိုထ်သည် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ဒီမိုကရက်တစ်ပါတီဝင်များ အုပ်ချုပ်သည့် နေရာများသို့ ပို့ဆောင် ခဲ့ပါသည်။ ယခုရက်များတွင် ရွှေ့ပြောင်းနေထိုင်သူများကို တင်ဆောင်ထားသည့် ဘတ်စ်ကားနှစ်စီးသည် တက္ကဆက်မှ နယူးယောက်သို့ တစ်စီးပြီးတစ်စီးရောက်ရှိခဲ့ပါသည်။ အဆိုပါ ရွှေ့ပြောင်းနေထိုင်သူများကို ကူညီပေးသည့် စေတနာ့ဝန်ထမ်းများက ရွှေ့ပြောင်း နေထိုင်သူအများအပြားသည် ဤနေရာတွင် ဆွေမျိုးမရှိကြသလို မည်သည့်နေရာမှလည်း သွားစရာ မရှိကြောင်း ပြောခဲ့ပါသည်။

သက်ဆိုင်ရာစာရင်းအရ ၂၀၂၁ ခုနှစ်တွင် အမေရိကန် ဥပဒေကျင့်သုံးရေးဌာနများသည် အမေရိကန်-မက္ကဆီကိုနယ်စပ်တွင် ကလေး ၁သိန်း ၄သောင်း ၅ထောင် အပါအဝင် ရွှေ့ပြောင်းနေထိုင်သူ ၁၇ သိန်းကို ဖမ်းဆီးခဲ့ပါသည်။ နိုင်ငံတကာ ရွှေ့ပြောင်း နေထိုင်သူများအဖွဲ့မှ ယခုနှစ် ဇူလိုင်လကထုတ်ပြန်သည့် စာရင်းအရ ၂၀၂၁ ခုနှစ်တွင် အမေရိကန်-မက္ကဆီကိုနယ်စပ်တွင် ရွှေ့ပြောင်းနေထိုင်သူ ၇၂၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။