တရုတ်လူ့အခွင့်အရေး သုတေသနအဖွဲ့သည် “အရှေ့အလယ်ပိုင်း စသည့်နေရာများ၌ အမေရိကန်သည် လူ့အခွင့်အရေးကို ပြင်းထန်စွာ ကျူးလွန်မှုများ ပြုလုပ်ခြင်း”ဆိုသည့် သုတေသနအစီရင်ခံစာကို ထုတ်ပြန်

(GMT+08:00)2022-08-09 13:56:51  

       သြဂုတ်လ ၉ ရက်နေ့တွင် တရုတ်လူ့အခွင့်အရေး သုတေသနအဖွဲ့သည်အရှေ့အလယ်ပိုင်း စသည့်နေရာများ၌ အမေရိကန်သည် လူ့အခွင့်အရေးကို ပြင်းထန်စွာ ကျူးလွန်မှုများ ပြုလုပ်ခြင်းဆိုသည့် သုတေသန အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာတွင် အမေရိကန်နိုင်ငံသည် အရှေ့အလယ်ပိုင်းနှင့် အနီးတစ်ဝိုက်ဒေသများ၌ စစ်ဆင်မှု၊ လူသားအပေါ် အန္တရာယ် ဖြစ်စေမှု၊ ထင်ရာစိုင်း ဖမ်းဆီး ချုပ်နှောင်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ တစ်ဖက်သတ် အရေးယူမှုစသည့် နိုင်ငံတကာဥပဒေများကို ပြင်းထန်စွာ ချိုးဖောက်မှုများ ပြုလုပ်ခဲ့ခြင်းကို ဖော်ပြသည်။

   ယင်းအစီရင်ခံစာတွင် အမေရိကန်နိုင်ငံသည် စစ်ပွဲများ ဆင်နွှဲပြီး အရပ်သားများကို သတ်ဖြတ်ကာ အသက်ရှင် နေထိုင်ခွင့်ကို ထိခိုက်စေကြောင်း၊ အမေရိကန် ပြည်ထောင်စု တည်ထောင်ခဲ့ပြီးသည့်နောက်ပိုင်း စစ်ပွဲတွင် ပါဝင်ခြင်း မရှိသည့်အချိန်မှာ နှစ် ၂၀ တောင် မရှိ ဖြစ်၍ အမေရိကန်သည် စစ် အင်ပါယာ အစစ်ပင်ဖြစ်ကြောင်း ဖော်ပြသည်။