မြင်ကွင်း အရမ်းလှတယ်။ အင်တာနက်အသုံးပြုသူများက အဲဒီနောက်ခံကို အတုလားလို့တောင် မေးတဲ့အထိပဲ

(GMT+08:00)2022-08-09 14:16:11  

မကြာသေးမီက ၁၉၉၅ ခုနှစ်နောက်ပိုင်းမွေးဖွားခဲ့သူ ယောက်ျားလေး တစ်ယောက်က နောက်ခံက အတုမဟုတ်ဘဲ အစစ်ဖြစ်တာကို သက်သေပြပေးတဲ့ လိုက်ဖ်လွှင့်ခြင်းဟာ အရမ်းရေပန်းစားလာတယ်။ သူက လိုက်ဖ်လွှင့်တဲ့အခါ ကြည်လင်တဲ့မြစ်ရေတွေ၊ အဝေးက စိမ်းလန်းတဲ့တောင်တန်းတွေ၊ အဝေးက တိမ်ဖြူလေးတွေဖြစ်တဲ့ နောက်ခံနဲ့ နဲနဲမတည့်ဘူး ဖြစ်လာလို့ အတုနောက်ခံကို အသုံးပြုတယ်လို့ အင်တာနက်သုံးစွဲသူများက ယူဆကြတယ်။ ဒါပေမဲ့ တကယ်တော့ သူရဲ့ လိုက်ဖ်လွှင့်ခြင်းရဲ့ နောက်ခံမှာ လှပတဲ့တရုတ်ရှင်းကျန်း‌ဒေသရဲ့ တကယ့် ရှုခင်းတွေပါ။ ရှင်းကျန်းရဲ့ ရှုခင်းတွေက အထူး လှပတာကြောင့် အင်တာနက်အသုံးပြုသူများက နောက်ခံအတုဖြစ်တယ်လို့ ထင်သွားတာဖြစ်ကြောင်း သူက ပြောတယ်။