ရေနံသိုလှောင်ကန်ပေါက်ကွဲမှုဖြစ်ပွားခြင်းနှင့်ပတ်သက၍ ရှီကျင့်ဖိန်က ကျူးဘားသမ္မတ ကာနေလ်အား နှစ်သိမ့်ကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2022-08-09 15:43:20  

သြဂုတ်လ ၈ ရက်နေ့က ရေနံသိုလှောင်ကန်ပေါက်ကွဲမှုဖြစ်ပွားခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကျူးဘားနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူးချုပ်၊ သမ္မတ ဒီအာဇ် ကာနေလ် ထံသို့ နှစ်သိမ့်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်က ကျူးဘားနိုင်ငံ မာတန်ဇတ်စ်ပြည်နယ်တွင် ရေနံသိုလှောင်ကန်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကြီးမားသော လူသေကြေအနာတရဖြစ်မှုနှင့် ဥစ္စဓနနစ်နာဆုံးရှုံးမှု ဖြစ်စေခြင်းကို ကြားနာသိရှိရကြောင်း၊ တရုတ်အစိုးရနှင့် တရုတ်ပြည်သူများကိုယ်စား၊ မိမိသည် သေဆုံသူများနှင့်ပတ်သက်ပြီး အလေးအနက် ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြပြီး သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုများနှင့် ဒဏ်ရာရရှိသူများအား စေတနာသန့်သန့်ဖြင့် နှစ်သိမ့်အားပေးကြောင်းဖော်ပြချင်ပါကြောင်း၊ တရုတ်ပြည်သည် ကျူးဘားအား ထောက်ပံ့ကူညီမှုများကို ပံ့ပိုးပေးလိုကြောင်း ဖော်ပြပါသည်။