ဂျပန်၏ နျူကလီးယား ညစ်ညမ်းရေကို ပင်လယ်ထဲသို့ ထုတ်လွှတ်မှုအပေါ် တရုတ်နိုင်ငံက လွန်စွာ စိုးရိမ်မိကြောင်း ဖေါ်ပြ

(GMT+08:00)2022-08-09 13:29:31  

       သြဂုတ်လ ၈ ရက်နေ့က ကျင်းပခဲ့သော နျူကလီးယား လက်နက် မပြန့်ပွားရေး သဘောတူစာချုပ် ၁၀ ကြိမ်မြောက် စိစစ်ရေး အစည်းအဝေးတွင် တရုတ် လက်နက် လျှော့ချရေး သံအမတ်ကြီး လီစွန်က မိန့်ခွန်းပြောကြားခဲ့ရာ တရုတ်နိုင်ငံ၏ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုခြင်းဆိုင်ရာ ရပ်တည်ချက်ကို ဘက်စုံ ရှင်းလင်းဖော်ပြပြီး ဂျပန်နိုင်ငံ၏ နျူကလီးယား ညစ်ညမ်းရေကို ပင်လယ်ထဲသို့ ထုတ်လွှတ်မှုအပေါ် လွန်စွာ အာရုံစိုက်ကြောင်း ဖေါ်ပြသည်။

       လီစွန်က ဂျပန်နိုင်ငံ၏ နျူကလီးယား ညစ်ညမ်းရေကို ပင်လယ်ထဲသို့ ထုတ်လွှတ်မှုသည် ပင်လယ်ဂေဟစနစ်ပတ်ဝန်းကျင်၊ အစားအစာ ဘေးကင်းလုံခြုံရေးနှင့် လူသားကျန်းမာရေးအပေါ် သက်ရောက်မှု များကို လျစ်လျူမရှုရကြောင်း၊ ဂျပန်အစိုးရသည် စီးပွားရေး ကုန်ကျစရိတ်သက်သာရန် နျူကလီးယား ညစ်ညမ်းရေကို ပင်လယ်ထဲသို့ ထုတ်လွှတ်ရန် တစ်ဖက်သတ် ဆုံးဖြတ်ပြီး အိမ်နီးချင်း နိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အပြည့်အစုံ ညှိနှိုင်းမှု မရှိကြောင်း၊ ယင်းလုပ်ရပ်သည် တစ်ကိုယ်ကောင်းဆန်မှုဖြင့် နိုင်ငံတကာ အသိုက်အဝန်းထံသို့ အန္တရာယ်များကို လွှဲပြောင်းပေးပြီး တာဝန်မရှိသကဲ့သို့ ကိုယ်ကျင့်တရားလည်း ကင်းမဲ့ကြောင်း၊ ဂျပန် ပြည်သူများက ပြင်းပြင်းထန်ထန် မကျေမနပ် ဖြစ်သည့်အပြင် တရုတ်၊ တောင်ကိုရီးယား၊ ရုရှားနှင့် ပစိဖိတ် ကျွန်းနိုင်ငံများသည်လည်း ယင်းအပေါ် စိုးရိမ်မိသည်ဟု အသီးသီး ဖော်ပြကြကြောင်း ပြောကြားသည်။