ပလိုစီ၏ တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့သွားရောက်လည်ပတ်မှုကို နိုင်ငံအများအပြားမှ ပုဂ္ဂိုလ်များ ပြစ်တင်ရှုတ်ချ

(GMT+08:00)2022-08-09 11:10:42  

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း နိုင်ငံတကာအသိုင်းအဝိုင်းက အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌပလိုစီ၏ တရုတ်နိုင်ငံထိုင်ဝမ်ဒေသခရီးစဉ်ကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့သည်။

ဇမ်ဘီယာခေါင်းဆောင်လှုပ်ရှားမှုပါတီဥက္ကဋ္ဌရီချားဒ် စီရေဘယ်က China Media Groupမှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် ထိုင်ဝမ်သည် ရှေးခေတ်ကတည်းက တရုတ်နိုင်ငံ၏အစိတ်အပိုင်း ဖြစ်ကြောင်း၊ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌပလိုစီသည် တရုတ်နိုင်ငံထိုင်ဝမ်ဒေသသို့ သွားရောက်ခြင်းသည် တမင်တကာ ရန်စခြင်းသာဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ပြည်တွင်းရေးကို အမေရိကန်ကကြမ်းတမ်းစွာ ဝင်ရောက် စွက်ဖက်မှု အား နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းထန်စွာ ရှုတ်ချသင့်ကြောင်း ပြောကြားပါသည်။

တူရကီနိုင်ငံ Rize မြို့မှ အရာရှိချယ်ဗါထ်အော်လူက ထိုင်ဝမ်အရေးတွင် အမေရိကန်၏ ဝင်ရောက် စွက်ဖက်မှုသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားရန်ရည်ရွယ်သည့် သိသာထင်ရှားသော ဗိုလ်ကျ စိုးမိုးရေးလုပ်ရပ်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ပြင်သစ်အမျိုးသားလွှတ်တော်အမတ်မယ်လိန်ချွန်သည် ပလိုစီ၏လုပ်ရပ်သည် အမေရိကန်၏ ရန်စခြင်း တစ်မျိုးဖြစ်သည်ဟု မကြာသေးမီက ဆောင်းပါးတစ်ပုဒ်တွင် ရေးသားဖော်ပြခဲ့သည်။