ပါလက်စတိုင်း Jihad နှင့် အစ္စရေးတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိ

(GMT+08:00)2022-08-08 16:28:27  

ပါလက်စတိုင်း Islamic Jihad Movement သည် ၇ ရက်နေ့ညက အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ကြောင်း၊ ထိုနေ့တွင်ပင် ပါလက်စတိုင်းသမ္မတ အာဘာ့စ်သည် အပစ်အခတ်ရပ်စဲရန် အီဂျစ်ဘက်မှ ကြားဝင်ဖျန်ဖြေရေး ကြိုးပမ်းဆောင်ရွက်မှုကို ကြိုဆိုကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

၅ ရက်နေ့က အစ္စရေးတိုက်လေယာဉ်သည် ဂါဇာဒေသအား လေကြောင်းမှ တိုက်ခိုက်မှု ဆင်နွှဲခဲ့ပြီး Jihad ၏ ပစ်မှတ်များကို ပစ်ခတ်ခဲ့သောကြောင့် ပါလက်စတိုင်းလူမျိုး ၁၀ဦး သေဆုံးပြီး ၃၊၄ဆယ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြီးနောက် Jihad သည် ရန်ငြိုးချေရန်အတွက် အစ္စရေးအား ဒုံးကျည် ပစ်လွှတ်ခဲ့ကြောင်း၊ ၅ ရက်နေ့က ကုလသမဂ္ဂနှင့်အီဂျစ်တို့သည် ဂါဇာဒေသ၌ အခြေအနေတင်းမာမှုကို အဆုံးသတ်ရန် အတွက် အချင်းပွားမှုနှင့်ပတ်သက်သော ဘက်များနှင့်အတူ အရေးပေါ်ဖျန်ဖြေမှုလုပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

ဂါဇာဒေသ ကျန်းမာရေး ဌာနမှစာရင်းအရ ၃ ရက်ကြာ ပါလက်စတိုင်း-အစ္စရေး အချင်းပွားမှုကြောင့် လူ ၄၄ ဦး သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။