Mombasa–Nairobi ရထားလမ်း လည်ပတ်ခြင်း ၅ နှစ်ပြည့်ပြီ Mombasa–Nairobi ရထားလမ်းသည် ကင်ညာပြည်သူများအတွက် အလုပ်အကိုင် နေရာသစ်များကို ဖော်ဆောင်ပေး

(GMT+08:00)2022-08-08 16:27:25  

တရုတ်လုပ်ငန်းကုမ္ပဏီမှ တာဝန်ယူဖောက်လုပ်ခဲ့သော Mombasa–Nairobi ရထားလမ်းသည် ၂၀၁၇ ခုနှစ် မေလ ၃၁ ရက်နေ့က တည်ဆောက်ပြီးစီးခဲ့ပြီး စတင် လည်ပတ်ခဲ့ပါသည်။ Mombasa–Nairobi ရထားလမ်းတစ်လျှောက်လုံး ကီလိုမီတာ(၄၈၀) ရှည်လျားပြီး ကင်ညာနိုင်ငံ လွတ်လပ်ရေးရရှိပြီးသည့်နောက်ပိုင်းတွင် အကြီးဆုံး အခြေခံ အဆောက်အအုံလုပ်ငန်းဖြစ်ပါသည်။ Afristar ရထားလည်ပတ်ရေးကုမ္ပဏီမှ သတင်းအရ Mombasa–Nairobi ရထားလမ်းကို စတင်လည်ပတ်ပြီးနောက် ကင်ညာပြည်သူများ အတွက် အလုပ်အကိုင်နေရာသစ်များကို ဖော်ဆောင်ပေးရာတွင် ဘာသာရပ် ၅ မျိုး၊ အလုပ် အမျိုးအစား ၁၂၃ မျိုးပါဝင်၍ ဒေသခံဝန်ထမ်း စုစုပေါင်း ၃၀၀၀ ကျော်ကို ခန့်အပ်ခဲ့ကြောင်း သိရှိရပါသည်။