ကူမင်း World Expo Green way ၏ နှလုံးပုံစံ တံတားသည် " check point " ဖြစ်လာ

(GMT+08:00)2022-08-08 16:49:02  

ပန်းပင်လယ်၊ ကျေးငှက်သံ၊ ရေကန်၊ တောင်တန်းနှင့် သစ်တောများ…စသဖြင့် နွေဦးမြို့တော်ကူမင်း၏ ရိုမန်တစ်သည် ထို့ထက်မကပေ။ ယခုရက်များတွင် ကူမင်းမြို့မှ World Expo Green way သည် လူကြိုက်များသော" check point "ဖြစ်လာခဲ့သည်။ ဝေဟင်မှ ရိုက်ထားသည့် ဓာတ်ပုံကို ကြည့်လျှင်၊ "နှလုံးသားနှစ်ထပ်" တံတားသည် စိမ်းလန်းစိုပြည်သောသစ်ပင်ရိပ်တွင်ရှိနေပြီး၊ ယင်းနေရာသို့ လာရောက်လည်ပတ်သည့် မြို့သူမြို့သားများနှင့် ခရီးသွားများအား လမ်းလျှောက်သည့်အခါတွင်ပင် "အချစ်ပုံ သဏ္ဍာန်" ကို ခံစားစေသည်။