သြဂုတ်လ ၈ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် ဦးစီးကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးသန့်ဖေသည် သြဂုတ်လ ၇ ရက်နေ့က တရုတ်နိုင်ငံ၌ ကွယ်လွန်ခဲ့ခြင်း သတင်းနှင့်ပတ်သက်သည့် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာ၌ ဝမ်ဝင်ပင်က ဤသတင်းသည် စစ်မှန်ပါကြောင်း၊ သံအမတ်ကြီး ဦးမျိုးသန့်ဖေသည် ၂၀၁၉ ခုနှစ်က သံအမတ်ကြီးတာဝန်ကို စတင်ထမ်းဆောင်ခဲ့သည့်နောက်ပိုင်း တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ရေးကို တက်ကြွစွာ တွန်းအားပေးခဲ့ကြောင်း၊ မိမိတို့သည် ဦးမျိုးသန့်ဖေ ရုတ်တရက် ကွယ်လွန်ခဲ့ခြင်းအတွက် လေးနက်စွာ ဝမ်းနည်းကြေကွဲ နှမြောတမ်းတ ဖြစ်မိပြီး ၄င်း၏ ကျန်းရစ်သူမိသားစုအား လေးနက်စွာ စာနာနှစ်သိမ့်ပါကြောင်း၊ တရုတ်နိုင်ငံသည် သံအမတ်ကြီး ဦးမျိုးသန့်ဖေ ကွယ်လွန်ခဲ့ခြင်းကိစ္စနှင့် ပတ်သက်ပြီး မြန်မာပြည်ဘက်နှင့် နီးကပ်စွာ ကူးလူးဖလှယ်မှုကို ထိန်းသိမ်းထားပြီး နောက်ဆက်တွဲ ကိစ္စရပ်များ အဆင်ပြေစွာ ဆောင်ရွက်ရေးအတွက် အစွမ်းကုန် ကူညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ ရုတ်တရက် ကွယ်လွန်ခဲ့ခြင်း အတွက် တရုတ်နိုင်ငံသည် လေးနက်စွာ ဝမ်းနည်းကြေကွဲ နှမြောတမ်းတဖြစ်မိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို
(GMT+08:00)2022-08-08 17:56:29