နွေရာသီကျောင်းပိတ်ရက်မှာ သားအဖနှစ်ယောက် ကီလိုမီတာ ၄၀၀ စက်ဘီးစီးပြီး ပျော်စရာကောင်းတဲ့ခရီးစဉ်ကိုလည်ပတ်

(GMT+08:00)2022-08-08 16:29:53  

ဒီနှစ် နွေရာသီကျောင်းပိတ်ရက်ဟာ အသက် ၁၂ နှစ်အရွယ် တရုတ် ဟူနန်ပြည်နယ် ချန်ရှားမြို့က ကလေး လျူယန်အတွက် အထူးအဓိပ္ပါယ်ရှိပါတယ်။ သူနဲ့ သူ့အဖေ လျူဟွာရှိန်တို့ဟာ စက်ဘီးစီးပြီး ဟူနန်ပြည်နယ် ချန်ရှားမြို့က ထွက်ခွာပြီးတော့ ယိယန်၊ ချန်ဒယ်ကို ဖြတ်ကျော်ကာ ၅ ရက်ကြာ စက်ဘီးစီးပြီးတော့ ဇာတိဖြစ်တဲ့ ကျန်းကျားကျဲ့ကို ရောက်ရှိ သွားတယ်။

“ဒီခရီးစဉ်ဟာ အလွန်ပင်ပန်းပေမဲ့ ပျော်စရာလည်းကောင်းတယ်။ မြို့ထဲမှာမမြင်နိုင်တဲ့ ရှုခင်းကို မြင်ရတယ်၊ ဗဟုသုတလည်း ရတယ်၊ ဒေသန္တရ အစားအသောက်လည်း မြည်းကြည့်တယ်။ အဖေနဲ့လည်း ပိုမိုခင်လာတယ်။ အရာအားလုံးကို ဆွေးနွေးကြတယ်”လို့ လျူယန်က ပြောတယ်။