ဂျပန် Hiroshima မြို့တွင် အဏုမြူဗုံးကျဲတိုက်ခိုက်မှု ခံရသည့် ၇၇ နှစ် ပြည့်မြောက်ခြင်း အထိမ်းအမှတ် လှုပ်ရှားမှု ကျင်းပ

(GMT+08:00)2022-08-08 16:43:43  

ယခုလ ၆ ရက်နေ့က ဂျပန်နိုင်ငံ Hiroshima မြို့ရှိ ငြိမ်းချမ်းရေး အထိမ်းအမှတ် ဥယျာဉ်တွင် အဏုမြူဗုံးကျဲ တိုက်ခိုက်မှုခံရသည့် ၇၇ နှစ် ပြည့်မြောက်ခြင်း အထိမ်းအမှတ် လှုပ်ရှားမှုကို ကျင်းပခဲ့သည်။

ကျူးကျော်မှုစစ်ပွဲကို လှုံ့ဆော်ခဲ့သော ဂျပန်နိုင်ငံအား အမြန်ဆုံး လက်နက်ချစေရန် အမေရိကန် သည် ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့နှင့် ၉ ရက်နေ့က Hiroshima နှင့် Nagasaki သို့ အဏုမြူဗုံးများကို ချခဲ့သည်။

လွန်ခဲ့သည့် နှစ်များစွာတွင် ဂျပန်သည် ဒုတိယ ကမ္ဘာစစ်၊ အထူးသဖြင့် အဏုမြူဗုံး၏ ဒုက္ခခံရသူ အဖြစ် ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်သည်။ သို့သော် အဏုမြူဗုံး တိုက်ခိုက်မှုခံရသည့် သမိုင်း နောက်ခံ အကြောင်းရင်းကို ပြောမိခြင်းမှာ မရှိသလောက်ဖြစ်ပြီး ပိုဆိုးသည့်အချက်မှာ ဒုတိယ ကမ္ဘာစစ် အချိန်ကာလအတွင်း ဂျပန်မှ တရုတ်ပြည်နှင့် အခြား အာရှနိုင်ငံများအပေါ် ဆောင်ကြဉ်းလာသည့် ရက်စက်သော ထိခိုက်မှုများကို ပြောဆိုခြင်း မရှိပါ။