ကမ္ဘာ့နိုင်ငံအများအပြားမှ နိုင်ငံရေးပါတီများသည် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေး မူကို ထောက်ခံကြောင်း ဖော်ပြ

(GMT+08:00)2022-08-08 16:19:05  

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ပလိုစီသည် တရုတ်နိုင်ငံ၏ ပြင်းထန်စွာ ကန့်ကွက်မှုနှင့်တည်ကြည်လေးနက်စွာ အရေးဆိုမှုကို လျစ်လျူရှုပြီး တရုတ်နိုင်ငံ ထိုင်ဝမ် ဒေသသို့ သွားရောက်လည်ပတ်ခဲ့ပါသည်။ ယင်းနှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ပြင်သစ်၊ ဇင်ဘာဘွေ၊ ဂရိစသည့် ကမ္ဘာ့နိုင်ငံအများအပြားမှ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေး ခေါင်းဆောင်များသည် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူကို ပြတ်ပြတ်သားသား လိုက်နာကျင့်သုံးပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို ကာကွယ်ရန် တရုတ်နိုင်ငံ၏ လိုအပ်သည့် ဆောင်ရွက်မှုမှန်သမျှကို ထောက်ခံကြောင်း ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ် အလုပ်သမားပါတီက တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူကို အစဉ်တစိုက် ပြတ်ပြတ်သားသားထောက်ခံကြောင်း ကြေညာချက်ထုတ်ပြန်ရာတွင် အလေးထား ဖော်ပြခဲ့ပါသည်။

လာအိုပြည်သူ့တော်လှန်ရေးပါတီဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေး ဝန်ကြီးဌာနက ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေတွင် ခွဲ၍မရသောအစိတ်အပိုင်းဖြစ်ကြောင်း၊ "တရုတ်ပြည်နှစ်ပြည်" သို့မဟုတ် "တရုတ်ပြည်တစ်ပြည်၊ ထိုင်ဝမ်တစ်ခု" ပြုလုပ်မှု မှန်သမျှကို ဆန့်ကျင်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတော် တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေးမူဝါဒကို ဆက်လက်ထောက်ခံပါကြောင်း ကြေညာချက် ထုတ်ပြန်ရာတွင် ဖော်ပြခဲ့ပါသည်။